အာဇာနည်နေ့အပေါ် ပြည်သူလူထု ပိုမိုစိတ်ဝင်စားစေရန်အတွက် မန်းစည်ပင်က LED လှုံ့ဆော်ရေးယာဉ်ဖြင့် မော်ကွန်းရုပ်ရှင်များ လှည့်လည်ပြသ

အာဇာနည်နေ့အပေါ် ပြည်သူလူထု ပိုမိုစိတ်ဝင်စားစေရန်အတွက် မန်းစည်ပင်က LED လှုံ့ဆော်ရေးယာဉ်ဖြင့် မော်ကွန်းရုပ်ရှင်များ လှည့်လည်ပြသ

အာဇာနည်နေ့အပေါ် အရင်ကထက် အများပြည်ပိုမိုစိတ်ဝင်တစားရှိစေဖို့ အာဇာနည်နေ့နဲ့ပတ်သက်တဲ့သမိုင်းဖြစ်ရပ်မှန်ကို အများပြည်သူ အတွက် အသိပညာပေးလှုပ်ရှားမှုတစ်ခုအဖြစ် LED လှုံ့ဆော်ရေးယာဉ်နဲ့ အာဇာနည်နေ့သမိုင်းဝင်မော်ကွန်းရုပ်ရှင်ပြသခြင်းအစီအစဉ်ကို မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက ယမန်နေ့ညကစလို့လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ပါတယ်။
 
မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက ဝယ်ယူထားတဲ့ LED Container Box မော်တော်ယာဉ်နဲ့ မြို့တွင်း လူစည်ကားတတ်တဲ့နေရာတွေမှာ လိုက်လံလှုံ့ဆော်လှုပ်ရှားသွားမှာလို့သိရပြီး မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းအားထုတ်ရင်း တိုင်းပြည် အတွက် အသက်ပေးစွန့်လှူသွားကြတဲ့ အာဇာနည်ကြီး တွေရဲ့ ကျေးဇူးကို မမေ့မလျော့ကြစေဖို့ အတွက်ရည်ရွယ်ပါတယ်လို့ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

 "ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့သမိုင်း ဗိုလ်ချုပ်မိန့်ခွန်းတွေ အာဇာနည်ကြီးတွေရဲ့ဈာပနအခမ်းအနား အဲဒီရုပ်ရှင်တွေလှည့်လည်ပြသမှာပါ ညတိုင်းပါ၊ အာဇာနည်နေ့မတိုင်မီညအထိပေါ့" လို့ ၎င်းကဆိုပါတယ်။ မြန်မာ့လွတ်လပ်ရေးရဲ့ဗိသုကာ၊ တပ်မတော်ရဲ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့မိန့်ခွန်းတွေ၊ မိန့်ခွန်းကောက်နှုတ်ချက်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘဝအကြောင်းတွေ၊ လွတ်လပ်ရေးအရယူခဲ့ပုံတွေ၊ အာဇာနည်ကြီးတွေရဲ့ဈာပနအခမ်းအနားအစရှိတဲ့မော်ကွန်းရုပ်ရှင်တွေကို အများပြည်သူသိရှိနိုင်ဖို့ LED လှုံ့ဆော်ရေးယာဉ်ပေါ်မှာ LED BOARD နဲ့ပြသပေးသွားမှာဖြစ်ပြိး ဇူလိုင်လ ၁၈ရက်နေ့ညအထိ ညစဉ်လှုပ်ရှားသွားမှာဖြစ်တယ်လို့သိရပါတယ်။

"ဒီနေ့ကမန္တလေးတက္ကသိုလ်နားနဲ့မန္တလာသီရိအားကစားကွင်းနားမှာပြသထားမှာပါ၊ ၁၈ ရက်နေ့ည အထိ အစီအစဉ် အတိုင်း လှုပ်ရှားသွား မှာပါ"လို့လည်း၎င်းကပြောပါတယ်။ ဒီလှုပ်ရှားမှုရဲ့ ဒီကနေ့ညအစီအစဉ်ကို ညနေ ၆ နာရီမှည ၈နာရီအထိ မန္တဘေးတက္ကသိူလ်အနီး၊ ည ၈နာရီမှ ည ၁၀နာရီအထိကို မန္တလာသီရိကစားကွင်းအနီးလှုပ်ရှားသွားမှာဖြစ်ပြီး မနက်ဖြန် ဇူလိုင်လ ၁၈ ရက်ညနေ ၆ နာရီမှ ၈ နာရီအထိ ပြည်ကြီး တံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံနဲ့ ည၈နာရီမှ ၁၀နာရီအထိ အမရပူရမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။
 
လာမယ့်ဇူလိုင်လ ၁၉ရက်နေ့မှာကျရောက်မယ့် ၇၂ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို မန္တလေး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစား ကွင်း အတွင်းကျင်းပသွားမှာဖြစ်ပါတယ်။

KT
မန္တလေး ၊ ဇူလိုင် ၁၇

(  Zawgyi  )

 အာဇာနည္ေန႔အေပၚ အရင္ကထက္ အမ်ားျပည္ပိုမိုစိတ္ဝင္တစားရွိေစဖို႔ အာဇာနည္ေန႔နဲ႔ပတ္သက္တဲ့သမိုင္းျဖစ္ရပ္မွန္ကို အမ်ားျပည္သူ အတြက္ အသိပညာေပးလႈပ္ရွားမႈတစ္ခုအျဖစ္ LED လႈံ႕ေဆာ္ေရးယာဥ္နဲ႔ အာဇာနည္ေန႔သမိုင္းဝင္ေမာ္ကြန္း႐ုပ္ရွင္ျပသျခင္းအစီအစဥ္ကို မႏၲေလးၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီက ယမန္ေန႔ညကစလို႔လႈပ္ရွားေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။
 
မႏၲေလးၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီက ဝယ္ယူထားတဲ့ LED Container Box ေမာ္ေတာ္ယာဥ္နဲ႔ ၿမိဳ႕တြင္း လူစည္ကားတတ္တဲ့ေနရာေတြမွာ လိုက္လံလႈံ႕ေဆာ္လႈပ္ရွားသြားမွာလို႔သိရၿပီး ျမန္မာ့လြတ္လပ္ေရး အတြက္ ႀကိဳးပမ္းအားထုတ္ရင္း တိုင္းျပည္ အတြက္ အသက္ေပးစြန႔္လႉသြားၾကတဲ့ အာဇာနည္ႀကီး ေတြရဲ႕ ေက်းဇူးကို မေမ့မေလ်ာ့ၾကေစဖို႔ အတြက္ရည္႐ြယ္ပါတယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္ သာယာေရး ေကာ္မတီဝင္တစ္ဦးက ေျပာပါတယ္။

 "ဗိုလ္ခ်ဳပ္နဲ႔ပတ္သက္တဲ့သမိုင္း ဗိုလ္ခ်ဳပ္မိန႔္ခြန္းေတြ အာဇာနည္ႀကီးေတြရဲ႕ဈာပနအခမ္းအနား အဲဒီ႐ုပ္ရွင္ေတြလွည့္လည္ျပသမွာပါ ညတိုင္းပါ၊ အာဇာနည္ေန႔မတိုင္မီညအထိေပါ့" လို႔ ၎ကဆိုပါတယ္။ ျမန္မာ့လြတ္လပ္ေရးရဲ႕ဗိသုကာ၊ တပ္မေတာ္ရဲ႕ဖခင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရဲ႕မိန႔္ခြန္းေတြ၊ မိန႔္ခြန္းေကာက္ႏႈတ္ခ်က္ေတြ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ဘဝအေၾကာင္းေတြ၊ လြတ္လပ္ေရးအရယူခဲ့ပုံေတြ၊ အာဇာနည္ႀကီးေတြရဲ႕ဈာပနအခမ္းအနားအစရွိတဲ့ေမာ္ကြန္း႐ုပ္ရွင္ေတြကို အမ်ားျပည္သူသိရွိႏိုင္ဖို႔ LED လႈံ႕ေဆာ္ေရးယာဥ္ေပၚမွာ LED BOARD နဲ႔ျပသေပးသြားမွာျဖစ္ၿပိး ဇူလိုင္လ ၁၈ရက္ေန႔ညအထိ ညစဥ္လႈပ္ရွားသြားမွာျဖစ္တယ္လို႔သိရပါတယ္။

"ဒီေန႔ကမႏၲေလးတကၠသိုလ္နားနဲ႔မႏၲလာသီရိအားကစားကြင္းနားမွာျပသထားမွာပါ၊ ၁၈ ရက္ေန႔ည အထိ အစီအစဥ္ အတိုင္း လႈပ္ရွားသြား မွာပါ"လို႔လည္း၎ကေျပာပါတယ္။ ဒီလႈပ္ရွားမႈရဲ႕ ဒီကေန႔ညအစီအစဥ္ကို ညေန ၆ နာရီမွည ၈နာရီအထိ မႏၲေဘးတကၠသိူလ္အနီး၊ ည ၈နာရီမွ ည ၁၀နာရီအထိကို မႏၲလာသီရိကစားကြင္းအနီးလႈပ္ရွားသြားမွာျဖစ္ၿပီး မနက္ျဖန္ ဇူလိုင္လ ၁၈ ရက္ညေန ၆ နာရီမွ ၈ နာရီအထိ ျပည္ႀကီး တံခြန္ၿမိဳ႕နယ္ မႏၲလာတံခြန္ပန္းၿခံနဲ႔ ည၈နာရီမွ ၁၀နာရီအထိ အမရပူရၿမိဳ႕နယ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာျပသသြားမွာျဖစ္တယ္လို႔သိရပါတယ္။
 
လာမယ့္ဇူလိုင္လ ၁၉ရက္ေန႔မွာက်ေရာက္မယ့္ ၇၂ ႏွစ္ေျမာက္အာဇာနည္ေန႔အခမ္းအနားကို မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ မႏၲလာသီရိအားကစား ကြင္း အတြင္းက်င္းပသြားမွာျဖစ္ပါတယ္။

KT
မႏၲေလး ၊ ဇူလိုင္ ၁၇