အာရှ လမ်းမကြီးပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်တိမ်းမှောက် ၁၅ ဦးဒဏ်ရာရရှိ

အာရှ လမ်းမကြီးပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်တိမ်းမှောက် ၁၅ ဦးဒဏ်ရာရရှိ

အာရှ လမ်းမကြီးပေါ်တွင် ယနေ့ မေလ ၁၃ ရက် နံနက်ပိုင်းက ခရီးသည်တင် မှန်လုံယာဉ်တိမ်းမှောက်မှုဖြစ် ပွားခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သင်္ဃန်းညီနောင်-မြို့သစ် လူမှုကယ်ဆယ်ရေးအသင်းမှ သိရှိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန် မြို့ မှ မြဝတီသို့ ထွက်ခွာလာသည့် အောင်စစ်သည် ခရီးသည်တင် Express ယာဉ်သည် မေလ ၁၃ ရက် နံနက် ၃ နာရီ ၁၅ မိနစ် အချိန်ခန့်က ကော့ကရိတ်မြို့ နှင့် သင်္ကန်းညီနောင် အကြား၊ ကွမ်းခြံ ကုန်းအဆင်း အာရှလမ်းမကြီးပေါ်တွင် စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်တယ်လို့ သင်္ဃန်းညီနောင်-မြို့သစ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဦးစိုးမိုးဌေးမှ Opinion Leaders Media ရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။ “ရန်ကုန် ကထွက်လာတာ မြဝတီ ဝင်မယ့်ကား။ည က မိုးရွာတယ်။ မိုးက တစ်ခါမှ မရွာတော့ ညက မိုးရွာ ချတော့ သူက စလစ်ကြောရှိတယ်လေ။စလစ်ဖြစ်ပြီးမှောက်တာပါ” လို့ဆိုပါတယ်။

ယာဉ်ပေါ်တွင် အမျိုးသား ၁၆ ဦး နှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၃၄ ဦးလိုက်ပါလာခဲ့ပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ယာဉ်နောက်လိုက် တွင် ကာပိသည့် ဒဏ်ရာကြောင့် ခြေသလုံး ကြေသွားတယ်လို့ ဆိုပါတယ်။“အသေအပျောက်မရှိဘူး။ကျိုးတာတို့ နာတာတို့ ပွန်းပဲ့တာတို့ ရှိတယ်။အဲ့မှာ ၃၄ ရောက်ပါတာ။ ဆေးရုံတင် ရတာတော့ ၁၅ ယောက်။၁၅ ယောက်က စိုးရိမ်စရာတော့ မရှိဘူး။ဒါပေမယ့် စပယ်ယာကတော့ ခြေထောက် ဖြတ်ရမလားမသိဘူး ခြေသလုံးကနေပြီးတော့။စပယ်ယာက ပိနေတာလေ။စပယ်ယာတစ်ယောက်ဘဲ ဒဏ်ရာ နည်းနည်းများတယ်။ခြေသလုံးပါကြေသွားတယ်” လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်မှ ယာဉ်မောင်းဖြစ်သူကို သင်္ကန်းညီနောင် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုဖွင့် ဖွင့်စစ်ဆေးလျှက်ရှိတယ်လို့ သိရှိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
သင်္ကန်းညီနောင် ၊မေ ၁၃
Photo Credit: သင်္ဃန်းညီနောင် - မြို့သစ် လူမှုကယ်ဆယ်ရေးအသင်း

(  Zawgyi  )

 အာရွ လမ္းမႀကီးေပၚတြင္ ယေန႔ ေမလ ၁၃ ရက္ နံနက္ပိုင္းက ခရီးသည္တင္ မွန္လုံယာဥ္တိမ္းေမွာက္မႈျဖစ္ ပြားခဲ့ၿပီး ၁၅ ဦးဒဏ္ရာရရွိခဲ့တယ္လို႔ သဃၤန္းညီေနာင္-ၿမိဳ႕သစ္ လူမႈကယ္ဆယ္ေရးအသင္းမွ သိရွိရပါတယ္။

ျဖစ္စဥ္မွာ ရန္ကုန္ ၿမိဳ႕ မွ ျမဝတီသို႔ ထြက္ခြာလာသည့္ ေအာင္စစ္သည္ ခရီးသည္တင္ Express ယာဥ္သည္ ေမလ ၁၃ ရက္ နံနက္ ၃ နာရီ ၁၅ မိနစ္ အခ်ိန္ခန႔္က ေကာ့ကရိတ္ၿမိဳ႕ ႏွင့္ သကၤန္းညီေနာင္ အၾကား၊ ကြမ္းၿခံ ကုန္းအဆင္း အာရွလမ္းမႀကီးေပၚတြင္ စလစ္ျဖစ္ကာ တိမ္းေမွာက္ခဲ့ျခင္းျဖစ္တယ္လို႔ သဃၤန္းညီေနာင္-ၿမိဳ႕သစ္ လူမႈကယ္ဆယ္ေရးအသင္း ဥကၠဌ ဦးစိုးမိုးေဌးမွ Opinion Leaders Media ရဲ႕ေမးျမန္းမႈကိုေျဖၾကားခဲ့ပါတယ္။ “ရန္ကုန္ ကထြက္လာတာ ျမဝတီ ဝင္မယ့္ကား။ည က မိုး႐ြာတယ္။ မိုးက တစ္ခါမွ မ႐ြာေတာ့ ညက မိုး႐ြာ ခ်ေတာ့ သူက စလစ္ေၾကာရွိတယ္ေလ။စလစ္ျဖစ္ၿပီးေမွာက္တာပါ” လို႔ဆိုပါတယ္။

ယာဥ္ေပၚတြင္ အမ်ိဳးသား ၁၆ ဦး ႏွင့္ အမ်ိဳးသမီး ၁၈ ဦး စုစုေပါင္း ၃၄ ဦးလိုက္ပါလာခဲ့ၿပီး ၁၅ ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း၊ ဒဏ္ရာရရွိသူမ်ား အသက္အႏၲရာယ္ မစိုးရိမ္ရေသာ္လည္း ယာဥ္ေနာက္လိုက္ တြင္ ကာပိသည့္ ဒဏ္ရာေၾကာင့္ ေျခသလုံး ေၾကသြားတယ္လို႔ ဆိုပါတယ္။“အေသအေပ်ာက္မရွိဘူး။က်ိဳးတာတို႔ နာတာတို႔ ပြန္းပဲ့တာတို႔ ရွိတယ္။အဲ့မွာ ၃၄ ေရာက္ပါတာ။ ေဆး႐ုံတင္ ရတာေတာ့ ၁၅ ေယာက္။၁၅ ေယာက္က စိုးရိမ္စရာေတာ့ မရွိဘူး။ဒါေပမယ့္ စပယ္ယာကေတာ့ ေျခေထာက္ ျဖတ္ရမလားမသိဘူး ေျခသလုံးကေနၿပီးေတာ့။စပယ္ယာက ပိေနတာေလ။စပယ္ယာတစ္ေယာက္ဘဲ ဒဏ္ရာ နည္းနည္းမ်ားတယ္။ေျခသလုံးပါေၾကသြားတယ္” လို႔ ဆိုပါတယ္။

အဆိုပါ ျဖစ္စဥ္မွ ယာဥ္ေမာင္းျဖစ္သူကို သကၤန္းညီေနာင္ ရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထားၿပီး အမႈဖြင့္ ဖြင့္စစ္ေဆးလွ်က္ရွိတယ္လို႔ သိရွိရပါတယ္။

မင္းထြန္း(အုတ္က်င္း)
သကၤန္းညီေနာင္ ၊ေမ ၁၃
Photo Credit: သဃၤန္းညီေနာင္ - ၿမိဳ႕သစ္ လူမႈကယ္ဆယ္ေရးအသင္း