အိန္ဒိယ-မြန်မာကြား ယခုဘဏ္ဍာနှစ် ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရှိလာ

အိန္ဒိယ-မြန်မာကြား ယခုဘဏ္ဍာနှစ် ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရှိလာ

ယခုဘဏ္ဍာနှစ် ခုနှစ်လတာအတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုမှာ ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ထက်ဝက်ကျော်ထိ ကုန်သွယ်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ သိရပါတယ်။

မြန်မာ-အိန္ဒိယ လစဉ်ကုန်သွယ်မှုမှာ ကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်ရှိပြီး ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ဧပြီလအတွင်း မြန်မာနှင့် အိန္ဒိယကြား ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၉၅ ဒသမ ၆၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် ကန်ဒေါ်လာ ၃၃ ဒသမ ၇၅၇ သန်းနှင့် အိန္ဒိယဘက်မှ ပြန်သွင်းသည့် သွင်းကုန် ကန်ဒေါ်လာ ၆၁ ဒသမ ၈၆၃ သန်းရှိကြောင်း သိရပါတယ်။

“ဒီဘက်နှစ်ထဲ ကုန်သွယ်မှုက ဒီဘက်မှ မဟုတ်ပါဘူး။တရုတ်ဘက်လည်း ကျနေတာပဲ။ဒီမှာက ဒေသတွင်း ဟိုဘက် ဒီဘက် ကုန်သွယ်မှု ပုံမှန်ရှိတယ်။ဒီဘက်ကနေ ဟိုဘက်မှာ သွားလုပ်နေတာတွေရှိသလို ဒီဘက်ကလူတွေ ဟိုဘက်မှာနေတာ ကြာပြီ။ဒါကြောင့် တံတားကျော်ပြီး ကုန်တင်တာ သွင်းတာလည်း အထိုက်အလျှောက်ရှိနေတာပဲ။ရာသီသီးနှံတွေ၊ ပရဆေးကုန်ကြမ်းတွေက ပုံမှန်ဘဲ။မမှန်တာက ဆန်တို့ ပဲတို့ပဲ” လို့ ကုန်တင်ပို့သူတစ်ဦးက ဆိုပါတယ်။

ငါးနှစ်တာကာလအတွင်း အိန္ဒိယ-မြန်မာကြား ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၃၆ ဒသမ ၉၃၁ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၄၀ ဒသမ ၅၈၁ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၁၁ ဒသမ ၅၁၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၄၃ ဒသမ ၁၆၄ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၆၈ ဒသမ ၁၉၅ သန်း၊ ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၀၀ ဒသမ ၄၃၇ သန်း အသီးသီးကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၃၀
Photo Credit : Hindustan Times

( Zawgyi )

ယခုဘ႑ာႏွစ္ ခုႏွစ္လတာအတြင္း အိႏၵိယႏွင့္ ျမန္မာႏိုင္ငံအၾကား ကုန္သြယ္မႈမွာ ကန္ေဒၚလာ သန္း ၈၀၀ ေက်ာ္ရွိၿပီး ယခင္ဘ႑ာႏွစ္ ကုန္သြယ္မႈပမာဏ ထက္ဝက္ေက်ာ္ထိ ကုန္သြယ္ခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

ျမန္မာ-အိႏၵိယ လစဥ္ကုန္သြယ္မႈမွာ ကန္ေဒၚလာ သန္း ၁၀၀ ဝန္းက်င္ရွိၿပီး ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ ဧၿပီလအတြင္း ျမန္မာႏွင့္ အိႏၵိယၾကား ကုန္သြယ္မႈမွာ ကန္ေဒၚလာ ၉၅ ဒသမ ၆၂ သန္းရွိၿပီး ျမန္မာဘက္မွ ပို႔ကုန္ ကန္ေဒၚလာ ၃၃ ဒသမ ၇၅၇ သန္းႏွင့္ အိႏၵိယဘက္မွ ျပန္သြင္းသည့္ သြင္းကုန္ ကန္ေဒၚလာ ၆၁ ဒသမ ၈၆၃ သန္းရွိေၾကာင္း သိရပါတယ္။

“ဒီဘက္ႏွစ္ထဲ ကုန္သြယ္မႈက ဒီဘက္မွ မဟုတ္ပါဘူး။တ႐ုတ္ဘက္လည္း က်ေနတာပဲ။ဒီမွာက ေဒသတြင္း ဟိုဘက္ ဒီဘက္ ကုန္သြယ္မႈ ပုံမွန္ရွိတယ္။ဒီဘက္ကေန ဟိုဘက္မွာ သြားလုပ္ေနတာေတြရွိသလို ဒီဘက္ကလူေတြ ဟိုဘက္မွာေနတာ ၾကာၿပီ။ဒါေၾကာင့္ တံတားေက်ာ္ၿပီး ကုန္တင္တာ သြင္းတာလည္း အထိုက္အေလွ်ာက္ရွိေနတာပဲ။ရာသီသီးႏွံေတြ၊ ပရေဆးကုန္ၾကမ္းေတြက ပုံမွန္ဘဲ။မမွန္တာက ဆန္တို႔ ပဲတို႔ပဲ” လို႔ ကုန္တင္ပို႔သူတစ္ဦးက ဆိုပါတယ္။

ငါးႏွစ္တာကာလအတြင္း အိႏၵိယ-ျမန္မာၾကား ကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၆၃၆ ဒသမ ၉၃၁ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၃၄၀ ဒသမ ၅၈၁ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၇၁၁ ဒသမ ၅၁၈ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၄၃ ဒသမ ၁၆၄ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၄၆၈ ဒသမ ၁၉၅ သန္း၊ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၈၀၀ ဒသမ ၄၃၇ သန္း အသီးသီးကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၃၀
Photo Credit : Hindustan Times