အိုဘိုထောင်အတွင်း အောင်သပြေရွာသားသေဆုံးမှု ထောင်ကျနှစ်ကြီးသမား၏ ရိုက်နှက်မှုကြောင့် ဖြစ်ကြောင်း မန်းတိုင်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်

 အိုဘိုထောင်အတွင်း  အောင်သပြေရွာသားသေဆုံးမှု ထောင်ကျနှစ်ကြီးသမား၏ ရိုက်နှက်မှုကြောင့် ဖြစ်ကြောင်း မန်းတိုင်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်

အောင်သပြေရွာသားကိုထွန်းမြင့်ဝင်း ထောင်ထဲမှာသေဆုံးခဲ့တာဟာ ထောင်ကျနှစ်ကြီး အကျဉ်းသား တစ်ဦးရဲ့ရိုက်နှက်နှိပ်စက်မှုကြောင့်ပဲဖြစ်တယ် လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးရဲမှူးကြီးကိုကိုလွင်က တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှာ ဒီကနေ့မွန်းလွဲ ၂ နာရီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

"အကျဉ်းသားထဲက စည်းကမ်းထိန်းသိမ်းရေးတာဝန်ကျမြတ်ကိုဦးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးတော့ မြတ်ကိုဦး ရဲ့ထိုးကြိတ်ရိုက်နှက်တာတွေ တုတ်နဲ့ရိုက်နှက်တာတွေကြောင့်သေဆုံးခဲ့တာပါ ဒီလိုပဲ စစ်ဆေးပေါ်ပေါက်ခဲ့တာပါ မြတ်ကိုဦးကလည်း ဒီအတိုင်းပဲဝန်ခံပါတယ် ဖြောင့်ချက်ပေးပြီးဖြစ်ပါတယ် " လို့ ၎င်းကဆိုပါတယ်။

မန္တလေး ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာအနီးက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ ဝင်း ထဲကို အောင်သပြေရွာသားတစ်ချို့က ပြီးခဲ့တဲ့မေလလယ်က အကြမ်းဖက်ဝင်ရောက် မီးရှို့ခဲ့ တဲ့ဖြစ်စဉ်မှာ ကိုထွန်းမြင့်ဝင်းပါတယ်ဆိုပြီး နောက်တစ်ပတ်ခန့်အကြာမှာပဲ ရဲတပ်ဖွဲ့က ၎င်းအား သွားရောက် ဖမ်းဆီးကာ မန္တလေးဗဟိုအကျဉ်းထောင်ထဲပို့ခဲ့ပါတယ်။

ကိုထွန်းမြင့်ဝင်းက အချုပ်ကျနေစဉ်မှာပဲ ထောင်ထဲသေဆုံးခဲ့တာဖြစ်ပြီး သေဆုံးစဉ်က ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေတွေ့ရတာကြောင့် အမှုမှန်ပေါ်ပေါက်ဖို့ ၎င်းရဲ့မိသားစုဝင်တွေကတောင်းဆို ခဲ့ ကြတာပါ။

"ကိုထွန်းမြင့်ဝင်းသေဆုံးမှုက တစ်ချို့မီဒီယာတွေမှာက အကျဉ်းသား အချင်းချင်းကြောင့်သေဆုံးမှု မဟုတ်ဘူးလို့ရေးကြတာကိုတွေ့ရပါတယ်၊ ရဲကနှိပ်စက်လို့ အကျဉ်းဦးစီးဝန်ထမ်းတွေကနှိပ်စက် လို့ဆို တဲ့ ထင်ရောင်ထင်မှားရေးကြတာတွေလည်းတွေ့ရပါတယ် ဒါကြောင့်မို့လို့ ဖြစ်စဉ်အမှန်ကို ဒီနေ့သတင်းစာရှင်းလင်းပွဲနဲ့ရှင်းပြတာဖြစ်ပါတယ်" လို့လည်း ရဲမှူးကြီးကပြောပါတယ်။

ကိုထွန်းမြင့်ဝင်းသေဆုံးခဲ့မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာဌာနအလိုက်တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေးရေး အဖွဲ့တွေဖွဲ့စည်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပြီး ၎င်းအားရိုက်နှက်နှိပ်စက်ခဲ့တဲ့ထောင်ကျနှစ်ကြီး သမားကိုလည်း လူသတ်မှုနဲ့အမှုဖွင့် ထားပြီး ဖြစ်တယ်လို့သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာအနီးတည်ဆောက်နေတဲ့ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းအပေါ်ကျေနပ်မှုမရှိကြတဲ့အောင်သပြေရွာသားတစ်ချို့က ပြီးခဲ့တဲ့မေလ ၁၅ ရက်နေ့က အဲဒီစက်ရုံဝင်းထဲကမော်တော်ယာဉ် မော်တာ်ဆိုင်ကယ်နဲ့ အဆောက် အဦတွေကို အကြမ်းဖက်ဝင်ရောက်မီးရှို့ခဲ့တာကနေ ဒီပြဿနာဖြစ်ပွားခဲ့တာပါ။ "ကိုထွန်းမြင့်ဝင်းသေဆုံးမှုနဲ့ပတ်သက်လို့တရားခံကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ပြီး တရားရုံးမှာ တရားစွဲ ထားပါတယ်" လို့  ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးစိုးအောင် (အမှုဖြစ်ပွားစဉ်ကအောင်မြေသာစံ မြို့နယ်ယာယီရဲတပ်ဖွဲ့မှူး)ကပြောပါတယ်။         

 KT
မန္တလေး၊ သြဂုတ် ၂၄ 

(  Zawgyi  )

 ေအာင္သေျပ႐ြာသားကိုထြန္းျမင့္ဝင္း ေထာင္ထဲမွာေသဆုံးခဲ့တာဟာ ေထာင္က်ႏွစ္ႀကီး အက်ဥ္းသား တစ္ဦးရဲ႕႐ိုက္ႏွက္ႏွိပ္စက္မႈေၾကာင့္ပဲျဖစ္တယ္ လို႔ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ဒုတိယတိုင္း ရဲတပ္ဖြဲ႕မႉးရဲမႉးႀကီးကိုကိုလြင္က တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွာ ဒီကေန႔မြန္းလြဲ ၂ နာရီကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲကေန တရားဝင္ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

"အက်ဥ္းသားထဲက စည္းကမ္းထိန္းသိမ္းေရးတာဝန္က်ျမတ္ကိုဦးနဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့ၿပီးေတာ့ ျမတ္ကိုဦး ရဲ႕ထိုးႀကိတ္႐ိုက္ႏွက္တာေတြ တုတ္နဲ႔႐ိုက္ႏွက္တာေတြေၾကာင့္ေသဆုံးခဲ့တာပါ ဒီလိုပဲ စစ္ေဆးေပၚေပါက္ခဲ့တာပါ ျမတ္ကိုဦးကလည္း ဒီအတိုင္းပဲဝန္ခံပါတယ္ ေျဖာင့္ခ်က္ေပးၿပီးျဖစ္ပါတယ္ " လို႔ ၎ကဆိုပါတယ္။

မႏၲေလး ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပ႐ြာအနီးက ေက်ာက္မီးေသြးစြမ္းအင္သုံး ဘိလပ္ေျမ စက္႐ုံ ဝင္း ထဲကို ေအာင္သေျပ႐ြာသားတစ္ခ်ိဳ႕က ၿပီးခဲ့တဲ့ေမလလယ္က အၾကမ္းဖက္ဝင္ေရာက္ မီးရႈိ႕ခဲ့ တဲ့ျဖစ္စဥ္မွာ ကိုထြန္းျမင့္ဝင္းပါတယ္ဆိုၿပီး ေနာက္တစ္ပတ္ခန႔္အၾကာမွာပဲ ရဲတပ္ဖြဲ႕က ၎အား သြားေရာက္ ဖမ္းဆီးကာ မႏၲေလးဗဟိုအက်ဥ္းေထာင္ထဲပို႔ခဲ့ပါတယ္။

ကိုထြန္းျမင့္ဝင္းက အခ်ဳပ္က်ေနစဥ္မွာပဲ ေထာင္ထဲေသဆုံးခဲ့တာျဖစ္ၿပီး ေသဆုံးစဥ္က ခႏၶာကိုယ္မွာ ဒဏ္ရာဒဏ္ခ်က္ေတြေတြ႕ရတာေၾကာင့္ အမႈမွန္ေပၚေပါက္ဖို႔ ၎ရဲ႕မိသားစုဝင္ေတြကေတာင္းဆို ခဲ့ ၾကတာပါ။

"ကိုထြန္းျမင့္ဝင္းေသဆုံးမႈက တစ္ခ်ိဳ႕မီဒီယာေတြမွာက အက်ဥ္းသား အခ်င္းခ်င္းေၾကာင့္ေသဆုံးမႈ မဟုတ္ဘူးလို႔ေရးၾကတာကိုေတြ႕ရပါတယ္၊ ရဲကႏွိပ္စက္လို႔ အက်ဥ္းဦးစီးဝန္ထမ္းေတြကႏွိပ္စက္ လို႔ဆို တဲ့ ထင္ေရာင္ထင္မွားေရးၾကတာေတြလည္းေတြ႕ရပါတယ္ ဒါေၾကာင့္မို႔လို႔ ျဖစ္စဥ္အမွန္ကို ဒီေန႔သတင္းစာရွင္းလင္းပြဲနဲ႔ရွင္းျပတာျဖစ္ပါတယ္" လို႔လည္း ရဲမႉးႀကီးကေျပာပါတယ္။

ကိုထြန္းျမင့္ဝင္းေသဆုံးခဲ့မႈနဲ႔ပတ္သက္လို႔ သက္ဆိုင္ရာဌာနအလိုက္တာဝန္ရွိသူေတြက စုံစမ္း စစ္ေဆးေရး အဖြဲ႕ေတြဖြဲ႕စည္းေဆာင္႐ြက္ခဲ့တာလည္းျဖစ္ၿပီး ၎အား႐ိုက္ႏွက္ႏွိပ္စက္ခဲ့တဲ့ေထာင္က်ႏွစ္ႀကီး သမားကိုလည္း လူသတ္မႈနဲ႔အမႈဖြင့္ ထားၿပီး ျဖစ္တယ္လို႔သိရပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပ႐ြာအနီးတည္ေဆာက္ေနတဲ့ေက်ာက္မီးေသြး စြမ္းအင္သုံး ဘိလပ္ေျမစက္႐ုံစီမံကိန္းအေပၚေက်နပ္မႈမရွိၾကတဲ့ေအာင္သေျပ႐ြာသားတစ္ခ်ိဳ႕က ၿပီးခဲ့တဲ့ေမလ ၁၅ ရက္ေန႔က အဲဒီစက္႐ုံဝင္းထဲကေမာ္ေတာ္ယာဥ္ ေမာ္တာ္ဆိုင္ကယ္နဲ႔ အေဆာက္ အဦေတြကို အၾကမ္းဖက္ဝင္ေရာက္မီးရႈိ႕ခဲ့တာကေန ဒီျပႆနာျဖစ္ပြားခဲ့တာပါ။ "ကိုထြန္းျမင့္ဝင္းေသဆုံးမႈနဲ႔ပတ္သက္လို႔တရားခံကို ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔အမႈဖြင့္ၿပီး တရား႐ုံးမွာ တရားစြဲ ထားပါတယ္" လို႔  ခ်မ္းေအးသာစံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉးရဲမႉးစိုးေအာင္ (အမႈျဖစ္ပြားစဥ္ကေအာင္ေျမသာစံ ၿမိဳ႕နယ္ယာယီရဲတပ္ဖြဲ႕မႉး)ကေျပာပါတယ္။         

 KT
မႏၲေလး၊ ၾသဂုတ္ ၂၄