အွန်လိုင်းပေါ်တွင်ရောင်းချနေသည့် “Add Plus” အမည်ရှိဆေးဝါး သောက်သုံးရန် မသင့်သည့်ဆေးဝါးတုဖြစ်ကြောင်း FDA ထုတ်ပြန်ကြေညာ

အွန်လိုင်းပေါ်တွင်ရောင်းချနေသည့် “Add Plus” အမည်ရှိဆေးဝါး  သောက်သုံးရန် မသင့်သည့်ဆေးဝါးတုဖြစ်ကြောင်း FDA ထုတ်ပြန်ကြေညာ

အွန်လိုင်းပေါ်တွင်ရောင်းချနေသည့် “Add Plus” အမည်ရှိဆေးဝါးမှာ သောက်သုံးရန်မသင့်သည့်ဆေးဝါးတုဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှအများပြည်သူသိရှိစေရန် ဒီကနေ့ မေ ၉ ရက်မှာအသိပေးကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံ၏ဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သော B.LHUA & Co.Ltd,Thailand မှ၂၀၁၉ ခုနှစ်၊ဧပြီ ၁၀ ရက်နေ့က “Add Plus” အမည်ဖြင့်ဆေးဝါးတုကိုထုတ်လုပ်သူအမည်နေရာတွင် B.LHUA & Co.Ltd,Thailand ဟုအမည်တပ်၍ Online Page များတွင်ရောင်း ချနေကြောင်းတွေ့ရှိရသဖြင့် ၎င်းတို့ကုမ္ပဏီအနေဖြင့် ထိုဆေးဝါးအားလုံး လုံးဝထုတ်လုပ်ခြင်းမရှိကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)သို့သတင်းပေးပို့ အသိပေးအကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ထိုသို့ အကြောင်းကြားလာမှုအပေါ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ၎င်းဆေးဝါးရောင်းချနေသော Online Page များကိုရှာဖွေ၍ဝယ်ယူကြည့်ရာတွင် ထုတ်လုပ်သူနေရာ၌ B.LHUA & Co.Ltd,Thailand ဟူ၍ဖော်ပြထားပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကိုလည်း Sticker ဖြင့်သာကပ်ထားသည်ကိုတွေ့ရှိရကြောင်း၊ထို့ကြောင့် အွန်လိုင်းပေါ်တွင်ရောင်းချနေသည့် “Add Plus” အမည်ဖြင့်ဆေးဝါးတုမှာမည်သည့်နိုင်ငံတွင်မှ  မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ထုတ်လုပ်သည့်ကုမ္ပဏီကိုလည်းအတုအပပြုလုပ်၍ ဖော်ပြထားသည့်အတွက် ၎င်းဆေးဝါး၏အရည်အသွေး ဆေးဝါး၏ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို  အာမခံမပေးနိုင်သဖြင့် ထိုဆေးဝါးအားသောက်သုံးရန်မသင့်သည့်ဆေးဝါးဖြင့်သတ်မှတ်ကြောင်း FDA က ကြေညာခဲ့တာပါ။

ပြေသိမ်း
ရန်ကုန်၊မေ ၉

(   Zawgyi  )

 အြန္လိုင္းေပၚတြင္ေရာင္းခ်ေနသည့္ “Add Plus” အမည္ရွိေဆးဝါးမွာ ေသာက္သုံးရန္မသင့္သည့္ေဆးဝါးတုျဖစ္ေၾကာင္း အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA)မွအမ်ားျပည္သူသိရွိေစရန္ ဒီကေန႔ ေမ ၉ ရက္မွာအသိေပးေၾကညာခဲ့ပါတယ္။

ထိုင္းႏိုင္ငံ၏ေဆးဝါးထုတ္လုပ္သည့္ကုမၸဏီတစ္ခုျဖစ္ေသာ B.LHUA & Co.Ltd,Thailand မွ၂၀၁၉ ခုႏွစ္၊ဧၿပီ ၁၀ ရက္ေန႔က “Add Plus” အမည္ျဖင့္ေဆးဝါးတုကိုထုတ္လုပ္သူအမည္ေနရာတြင္ B.LHUA & Co.Ltd,Thailand ဟုအမည္တပ္၍ Online Page မ်ားတြင္ေရာင္း ခ်ေနေၾကာင္းေတြ႕ရွိရသျဖင့္ ၎တို႔ကုမၸဏီအေနျဖင့္ ထိုေဆးဝါးအားလုံး လုံးဝထုတ္လုပ္ျခင္းမရွိေၾကာင္း အစားအေသာက္ႏွင့္ ေဆးဝါး ကြပ္ကဲေရး ဦးစီးဌာန(FDA)သို႔သတင္းေပးပို႔ အသိေပးအေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။

ထိုသို႔ အေၾကာင္းၾကားလာမႈအေပၚ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနအေနျဖင့္ ၎ေဆးဝါးေရာင္းခ်ေနေသာ Online Page မ်ားကိုရွာေဖြ၍ဝယ္ယူၾကည့္ရာတြင္ ထုတ္လုပ္သူေနရာ၌ B.LHUA & Co.Ltd,Thailand ဟူ၍ေဖာ္ျပထားၿပီး ထုတ္လုပ္သည့္ရက္စြဲ၊ သက္တမ္း ကုန္ဆုံးသည့္ရက္စြဲ စသည္တို႔ကိုလည္း Sticker ျဖင့္သာကပ္ထားသည္ကိုေတြ႕ရွိရေၾကာင္း၊ထို႔ေၾကာင့္ အြန္လိုင္းေပၚတြင္ေရာင္းခ်ေနသည့္ “Add Plus” အမည္ျဖင့္ေဆးဝါးတုမွာမည္သည့္ႏိုင္ငံတြင္မွ  မွတ္ပုံတင္ထားျခင္းမရွိသည့္အျပင္ ထုတ္လုပ္သည့္ကုမၸဏီကိုလည္းအတုအပျပဳလုပ္၍ ေဖာ္ျပထားသည့္အတြက္ ၎ေဆးဝါး၏အရည္အေသြး ေဆးဝါး၏ေဘးအႏၲရာယ္ကင္းရွင္းေရးတို႔ကို  အာမခံမေပးႏိုင္သျဖင့္ ထိုေဆးဝါးအားေသာက္သုံးရန္မသင့္သည့္ေဆးဝါးျဖင့္သတ္မွတ္ေၾကာင္း FDA က ေၾကညာခဲ့တာပါ။

ေျပသိမ္း
ရန္ကုန္၊ေမ ၉