ဥရောပနိုင်ငံများမှ ဇာတ်ကားကောင်း ရုပ်ရှင် ၂၁ ကားကို ယခုလအတွင်း အခမဲ့ပြသသွားမည်

ဥရောပနိုင်ငံများမှ ဇာတ်ကားကောင်း ရုပ်ရှင် ၂၁ ကားကို ယခုလအတွင်း အခမဲ့ပြသသွားမည်

ဥရောပတဝှမ်းမှ ရုပ်ရှပ်ကားပေါင်း ၂၁ ကားကို မန္တလေးနဲ့ ရန်ကုန်မှာ စက်တင်ဘာလအတွင်း အခမဲ့ပြသွားမှာဖြစ်ပါတယ်။

အခုလို ဥရောပရုပ်ရှင်ကားတွေကို အခမဲ့ပြသွားမှာဖြစ်တဲ့ ၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော် ကျင်းပမယ့်အကြောင်းကို ဒီကနေ့ စက်တင်ဘာလ ၁ဝ ရက်နေ့၊ ညနေပိုင်း၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Goethe Villa မှာ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကိုယ်တိုင် တက်ရောက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

ရုပ်ရှင်ပွဲတော်ကို မန္တလေးမြို့က မင်္ဂလာရုပ်ရှင်ရုံ စင်ထရယ်ပွိုင့်မှာ စတင်ပြသသွားမှာဖြစ်ပြီး ရုပ်ရှင်ကား ၉ ကားကို လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြသမှာဖြစ်ပါတယ်။ရန်ကုန်မှာတော့ ခံစားမှုတွေကွဲပြားမယ့် ဥရောပရုပ်ရှင်ကား ၂ဝ ကို လာမယ့် စက်တင်ဘာလ ၂ဝ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။

အော်စကာဆုရ ပိုလန်ဒါရိုက်တာ Pawet Pawlikowski ရိုက်ကူးထားတဲ့ "Cold War" ရုပ်ရှင်နဲ့ စက်တင်ဘာလ ၂ဝ ရက်နေ့မှာ စတင်ဖွင့်လှစ်ပြသမှာဖြစ်ပြီး ရန်ကုန်မြို့လယ်ရှိ နေပြည်တော် ရုပ်ရှင်ရုံနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ Goethe Villa မှာ အခမဲ့ပြသသွားမှာဖြစ်ပါတယ်။

"ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မှာ နှစ်စဉ်ကျင်းပနိုင်တဲ့အတွက်ရော ပထမဦးဆုံးအကြိမ် ရုံးပိတ်ရက်အစီအစဉ်အဖြစ် မန္တလေးမြို့မှာ ပြသနိုင်တော့မှာ ဖြစ်တဲ့အတွက်ပါ ကျွန်တော်တို့အနေနဲ့ ပျော်ရွှင်ကျေနပ်မိပါတယ်။မြန်မာဘုရင်တွေ နန်းစံခဲ့တဲ့ မန္တလေးမြို့နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့" King of the Belgians" နဲ့ စတင်ပြသသွားမှာပါ။

မြန်မာနိုင်ငံသားတွေကို ဥရောပနိုင်ငံအချင်းချင်း ကူးလူးဆက်နွယ်နေတဲ့ ခံယူချက်တွေ၊ အကြောင်းအရာတွေနဲ့ အနုပညာတွေကို ကြီးမားတဲ့ ဖန်သားပြင်ပေါ်ကနေတဆင့် ဥရောပက လူတွေရဲ့ လူနေမှုဘဝတွေကို ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုပါတယ်။ဥရောပရုပ်ရှင်တွေအနေနဲ့ အကြောင်းအရာမျိုးစုံ စုံလင်စွာရှိပြီး နောက်ခံယဉ်ကျေးမှုတွေက ဆက်နွယ်မှုရှိနေတာ တွေ့ရမှာပါ" လို့ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်သူ H.E. Kristian Schmidt က ပြောပါတယ်။

ပြသသွားမယ့် ရုပ်ရှင်ဇာတ်ကားတွေက ဟာသ၊ ဒရမ်မာ၊ မှတ်တမ်းရုပ်ရှင် အပါအဝင် ကလေးငယ်တွေအတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း အမျိုးအစားစုံစုံလင်လင် ပါဝင်တယ်လို့ သိရပါတယ်။

ရုပ်ရှင်လက်မှတ်တွေကိုတော့ ပွဲမစမီ ၁ နာရီမှ ၁၅ မိနစ်အလိုထိ ဦးရာလူစနစ်နဲ့ အခမဲ့ရယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုကျင်းပသွားမယ့် ၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်ကို မြန်မာနဲ့ ဥရောပနိုင်ငံတို့အကြား ယဉ်ကျေးမှုခြင်း ဖလှယ်ရန်နဲ့ ဥရောပရုပ်ရှင်များရဲ့ မတူကွဲပြားမှုတွေကို ခံစားသိရှိနိုင်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့မှ ဦးဆောင်ကာ Goethe Institut Myanmar၊ ပြင်သစ်ယဉ်ကျေးမှုဌာနတို့နဲ့ ပူးပေါင်းကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ စက်တင်ဘာ - ၁ဝ

( Zawgyi )

ဥေရာပတဝွမ္းမွ ႐ုပ္ရွပ္ကားေပါင္း ၂၁ ကားကို မႏၲေလးနဲ႔ ရန္ကုန္မွာ စက္တင္ဘာလအတြင္း အခမဲ့ျပသြားမွာျဖစ္ပါတယ္။

အခုလို ဥေရာပ႐ုပ္ရွင္ကားေတြကို အခမဲ့ျပသြားမွာျဖစ္တဲ့ ၂၈ ႀကိမ္ေျမာက္ ဥေရာပ႐ုပ္ရွင္ပြဲေတာ္ က်င္းပမယ့္အေၾကာင္းကို ဒီကေန႔ စက္တင္ဘာလ ၁ဝ ရက္ေန႔၊ ညေနပိုင္း၊ ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ရွိ Goethe Villa မွာ ဥေရာပသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးကိုယ္တိုင္ တက္ေရာက္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

႐ုပ္ရွင္ပြဲေတာ္ကို မႏၲေလးၿမိဳ႕က မဂၤလာ႐ုပ္ရွင္႐ုံ စင္ထရယ္ပြိဳင့္မွာ စတင္ျပသသြားမွာျဖစ္ၿပီး ႐ုပ္ရွင္ကား ၉ ကားကို လာမယ့္ စက္တင္ဘာလ ၁၃ ရက္ေန႔ကေန ၁၅ ရက္ေန႔အထိ ျပသမွာျဖစ္ပါတယ္။ရန္ကုန္မွာေတာ့ ခံစားမႈေတြကြဲျပားမယ့္ ဥေရာပ႐ုပ္ရွင္ကား ၂ဝ ကို လာမယ့္ စက္တင္ဘာလ ၂ဝ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ ျပသသြားမွာ ျဖစ္ပါတယ္။

ေအာ္စကာဆုရ ပိုလန္ဒါ႐ိုက္တာ Pawet Pawlikowski ႐ိုက္ကူးထားတဲ့ "Cold War" ႐ုပ္ရွင္နဲ႔ စက္တင္ဘာလ ၂ဝ ရက္ေန႔မွာ စတင္ဖြင့္လွစ္ျပသမွာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕လယ္ရွိ ေနျပည္ေတာ္ ႐ုပ္ရွင္႐ုံနဲ႔ ကမာၻေအးဘုရားလမ္းေပၚမွာရွိတဲ့ Goethe Villa မွာ အခမဲ့ျပသသြားမွာျဖစ္ပါတယ္။

"႐ုပ္ရွင္ပြဲေတာ္ကို ရန္ကုန္မွာ ႏွစ္စဥ္က်င္းပႏိုင္တဲ့အတြက္ေရာ ပထမဦးဆုံးအႀကိမ္ ႐ုံးပိတ္ရက္အစီအစဥ္အျဖစ္ မႏၲေလးၿမိဳ႕မွာ ျပသႏိုင္ေတာ့မွာ ျဖစ္တဲ့အတြက္ပါ ကြၽန္ေတာ္တို႔အေနနဲ႔ ေပ်ာ္႐ႊင္ေက်နပ္မိပါတယ္။ျမန္မာဘုရင္ေတြ နန္းစံခဲ့တဲ့ မႏၲေလးၿမိဳ႕နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေစမယ့္ ဇာတ္ကားေကာင္းတစ္ကားျဖစ္တဲ့" King of the Belgians" နဲ႔ စတင္ျပသသြားမွာပါ။

ျမန္မာႏိုင္ငံသားေတြကို ဥေရာပႏိုင္ငံအခ်င္းခ်င္း ကူးလူးဆက္ႏြယ္ေနတဲ့ ခံယူခ်က္ေတြ၊ အေၾကာင္းအရာေတြနဲ႔ အႏုပညာေတြကို ႀကီးမားတဲ့ ဖန္သားျပင္ေပၚကေနတဆင့္ ဥေရာပက လူေတြရဲ႕ လူေနမႈဘဝေတြကို ၾကည့္ရႈခံစားဖို႔ ဖိတ္ေခၚလိုပါတယ္။ဥေရာပ႐ုပ္ရွင္ေတြအေနနဲ႔ အေၾကာင္းအရာမ်ိဳးစုံ စုံလင္စြာရွိၿပီး ေနာက္ခံယဥ္ေက်းမႈေတြက ဆက္ႏြယ္မႈရွိေနတာ ေတြ႕ရမွာပါ" လို႔ ဥေရာပသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးျဖစ္သူ H.E. Kristian Schmidt က ေျပာပါတယ္။

ျပသသြားမယ့္ ႐ုပ္ရွင္ဇာတ္ကားေတြက ဟာသ၊ ဒရမ္မာ၊ မွတ္တမ္း႐ုပ္ရွင္ အပါအဝင္ ကေလးငယ္ေတြအတြက္ ရည္႐ြယ္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ေတြလည္း အမ်ိဳးအစားစုံစုံလင္လင္ ပါဝင္တယ္လို႔ သိရပါတယ္။

႐ုပ္ရွင္လက္မွတ္ေတြကိုေတာ့ ပြဲမစမီ ၁ နာရီမွ ၁၅ မိနစ္အလိုထိ ဦးရာလူစနစ္နဲ႔ အခမဲ့ရယူႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

အခုက်င္းပသြားမယ့္ ၂၈ ႀကိမ္ေျမာက္ ဥေရာပ႐ုပ္ရွင္ပြဲေတာ္ကို ျမန္မာနဲ႔ ဥေရာပႏိုင္ငံတို႔အၾကား ယဥ္ေက်းမႈျခင္း ဖလွယ္ရန္နဲ႔ ဥေရာပ႐ုပ္ရွင္မ်ားရဲ႕ မတူကြဲျပားမႈေတြကို ခံစားသိရွိႏိုင္ေစရန္ ရည္႐ြယ္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ ကိုယ္စားလွယ္အဖြဲ႕မွ ဦးေဆာင္ကာ Goethe Institut Myanmar၊ ျပင္သစ္ယဥ္ေက်းမႈဌာနတို႔နဲ႔ ပူးေပါင္းက်င္းပတာ ျဖစ္တယ္လို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ စက္တင္ဘာ - ၁ဝ