ဦးပိန်တံတားပေါ် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး တောင်သမန်အင်းရေထဲ ပြုတ်ကျသေဆုံး

ဦးပိန်တံတားပေါ် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး တောင်သမန်အင်းရေထဲ ပြုတ်ကျသေဆုံး

မန္တလေးမြို့မှာ ဒီကနေ့မွန်းလွဲပိုင်းက ဦးပိန်တံတားပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး တောင်သမန်အင်းရေထဲ ပြုတ်ကျသေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

"ပြန်ဆယ်ယူလာတဲ အချိန်မှာပဲ အသက်မရှိတော့ပါဘူး အခုက ဆေးရုံမှာစစ်နေပါတယ်" လို့ နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ အမရပူရမြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မန္တလေး အမရပူရမြို့နယ် ဦးပိန်တံတားပေါ်မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်ခန့်က တံတားပေါ် လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး ရုတ်တရက်ရေထဲကျ သေဆုံးခဲ့တာဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ သိရတာမှာ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဝါတုန်ကျေးရွာနေ ဦးအောင်မြင့်ဦး (အသက် ၄၈ နှစ်) ဟာ ဇနီးဖြစ်သူနဲ့အတူ မန္တလေးမြို့ဆီ လာလည်ရင်း ဦးပိန်တံတားပေါ် လမ်းလျှောက်ခဲ့ရာမှ အခန်းအမှတ် ၅၈ အရောက်မှာ ရေထဲပြုတ်ကျခဲ့ကြောင်း၊ ရေထဲပြုတ်ကျစဉ်မှာပဲ အနီးဝန်းကျင်က လူငယ်တွေက ရေထဲဆင်းရှာဖွေခဲ့ကြောင်း၊ အဲဒီနောက် မြို့နယ်မီးသတ်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ငှက်လှေအသင်းအဖွဲ့တို့ ရောက်ရှိလာပြီး ဝိုင်းဝန်းရှာဖွေခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ၎င်းအား အသက်သေဆုံးလျက် ဆယ်ယူရရှိခဲ့ကြောင်း သိရပါတယ်။

ဦးအောင်မြင့်ဦး ဟာ အတက်ရောဂါရှိပြီး အတက်ရောဂါကြောင့် ရေထဲပြုတ်ကျ သေဆုံးခဲ့တာလို့ လတ်တလော ယူဆထားကြောင်းလည်း သိရပြီး ၎င်းရဲ့အလောင်းကိုတော့ အမရရွှေဂူလူမှုကူညီရေးအသင်းယာဉ်နဲ့ အမရပူရမြို့နယ် တိုက်နယ်ဆေးရုံဆီ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်းလည်း အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ အမရပူရမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်လှစ်နိုင်ဖို့ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

KT
မန္တလေး၊ ဇူလိုင် - ၃၀
Photo - Nyein Win Facebook

( Zawgyi )

မႏၲေလးၿမိဳ႕မွာ ဒီကေန႔မြန္းလြဲပိုင္းက ဦးပိန္တံတားေပၚမွာ လမ္းေလွ်ာက္ေနတဲ့ အမ်ိဳးသားတစ္ဦး ေတာင္သမန္အင္းေရထဲ ျပဳတ္က်ေသဆုံးခဲ့တဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။

"ျပန္ဆယ္ယူလာတဲ အခ်ိန္မွာပဲ အသက္မရွိေတာ့ပါဘူး အခုက ေဆး႐ုံမွာစစ္ေနပါတယ္" လို႔ နယ္ေျမအပိုင္ရဲစခန္းျဖစ္တဲ့ အမရပူရၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္း တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

မႏၲေလး အမရပူရၿမိဳ႕နယ္ ဦးပိန္တံတားေပၚမွာ ဒီကေန႔ မြန္းလြဲ ၁ နာရီေက်ာ္အခ်ိန္ခန႔္က တံတားေပၚ လမ္းေလွ်ာက္ေနတဲ့ အမ်ိဳးသားတစ္ဦး ႐ုတ္တရက္ေရထဲက် ေသဆုံးခဲ့တာျဖစ္ၿပီး ျဖစ္စဥ္နဲ႔ပတ္သက္လို႔ သိရတာမွာ ျပည္ခ႐ိုင္ ေပါက္ေခါင္းၿမိဳ႕နယ္ ဝါတုန္ေက်း႐ြာေန ဦးေအာင္ျမင့္ဦး (အသက္ ၄၈ ႏွစ္) ဟာ ဇနီးျဖစ္သူနဲ႔အတူ မႏၲေလးၿမိဳ႕ဆီ လာလည္ရင္း ဦးပိန္တံတားေပၚ လမ္းေလွ်ာက္ခဲ့ရာမွ အခန္းအမွတ္ ၅၈ အေရာက္မွာ ေရထဲျပဳတ္က်ခဲ့ေၾကာင္း၊ ေရထဲျပဳတ္က်စဥ္မွာပဲ အနီးဝန္းက်င္က လူငယ္ေတြက ေရထဲဆင္းရွာေဖြခဲ့ေၾကာင္း၊ အဲဒီေနာက္ ၿမိဳ႕နယ္မီးသတ္အဖြဲ႕၊ ရပ္ကြက္အုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြ၊ ငွက္ေလွအသင္းအဖြဲ႕တို႔ ေရာက္ရွိလာၿပီး ဝိုင္းဝန္းရွာေဖြခဲ့ေၾကာင္း၊ မြန္းလြဲ ၁ နာရီခြဲအခ်ိန္မွာ ၎အား အသက္ေသဆုံးလ်က္ ဆယ္ယူရရွိခဲ့ေၾကာင္း သိရပါတယ္။

ဦးေအာင္ျမင့္ဦး ဟာ အတက္ေရာဂါရွိၿပီး အတက္ေရာဂါေၾကာင့္ ေရထဲျပဳတ္က် ေသဆုံးခဲ့တာလို႔ လတ္တေလာ ယူဆထားေၾကာင္းလည္း သိရၿပီး ၎ရဲ႕အေလာင္းကိုေတာ့ အမရေ႐ႊဂူလူမႈကူညီေရးအသင္းယာဥ္နဲ႔ အမရပူရၿမိဳ႕နယ္ တိုက္နယ္ေဆး႐ုံဆီ ပို႔ေဆာင္စစ္ေဆးလ်က္ရွိေၾကာင္းလည္း အဆိုပါတာဝန္ရွိသူက ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ေတာ့ အမရပူရၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းက အမႈဖြင့္လွစ္ႏိုင္ဖို႔ စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

KT
မႏၲေလး၊ ဇူလိုင္ - ၃၀
Photo - Nyein Win Facebook