ဦးဝီရသူဖမ်းဆီးရမိရေး ထိထိရောက်ရောက် ဆောင်ရွက်မည် ဟု ရန်ကုန်

ဦးဝီရသူဖမ်းဆီးရမိရေး ထိထိရောက်ရောက် ဆောင်ရွက်မည် ဟု ရန်ကုန်

တရားခံပြေးအဖြစ် ဝရမ်းထုတ်ခံရထားရတဲ့ ဦးဝီရသူဖမ်းဆီးရမိရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အဆိုပါကိစ္စမှာ အာဏာပိုင်တွေပါဝင်ပတ်သက်မှုရှိတယ်လို့ စွပ်စွဲချက်တွေအတွက် ပါဝင်ပတ်သက်မှု မရှိတဲ့အကြောင်းကို ဝန်ကြီးချုပ်က ရှင်းပြကာ ထိရောက်တဲ့ဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “အာဏာပိုင်တွေက ဒီဆောင်ရွက်တဲ့ ကိစ္စရပ်တွေမှာ မပတ်သက်ပါဘူး၊ ပတ်သက်ရင် လည်း သူ့ကိုတရားစွဲနေစရာမလိုပါဘူး၊ အဲဒီအတွက် ကျွန်တေ်ာတို့ဘက်က ထိထိရောက်ရောက် ဆောင်ရွက်သွားမယ် ဆိုတာကိုလောက်ပဲပြော ပါရစေ”လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ဦးဝီရသူဟာ လွန်ခဲ့တဲ့မေလ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးအတွက် ဟောပြောပွဲကျင်းပတဲ့အခါ နိုင်ငံတော်အကြီးအကဲတွေ၊ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ် မမှန်မကန်ပြောဆိုတာတွေကြောင့် ဥပဒေအကြံပြုချက်ရယူကာ ပြည်ထောင်စုအစိုးရကိုတင်ပြပြီး အမှုဖွင့်ထားတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ထိုအမှုအတွက် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေအရ ရာဇဝတ်အထွေထွေအမှု ၃၉/၂၀၁၉၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄(က) နဲ့ အမှုဖွင့်ထားရာမှ တရားခံပြေးအဖြစ် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် ကြေညာခံထားရသူလည်း ဖြစ်ပါတယ်။ ယခုအခါ ဖမ်းဆီးရမိတာမျိုးမရှိသေးတဲ့အတွက် လာမယ့် ဇွန်လ ၁၁ ရက် ရုံးချိန်းမှာ အမှုကို မျက်ကွယ်အနေအထားအဖြစ် ဆက်လက်ဆောင်ရွက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။    

  ဇွဲမာန်
ရန်ကုန်၊ ဇွန် ၆

(  Zawgyi  )

 တရားခံေျပးအျဖစ္ ဝရမ္းထုတ္ခံရထားရတဲ့ ဦးဝီရသူဖမ္းဆီးရမိေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္႐ြက္သြားဖို႔ရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

အဆိုပါကိစၥမွာ အာဏာပိုင္ေတြပါဝင္ပတ္သက္မႈရွိတယ္လို႔ စြပ္စြဲခ်က္ေတြအတြက္ ပါဝင္ပတ္သက္မႈ မရွိတဲ့အေၾကာင္းကို ဝန္ႀကီးခ်ဳပ္က ရွင္းျပကာ ထိေရာက္တဲ့ေဆာင္႐ြက္မႈေတြနဲ႔ လုပ္ေဆာင္သြားမယ္လို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ တတိယတစ္ႏွစ္တာ ေဆာင္႐ြက္ခ်က္မ်ား သတင္းစာရွင္းလင္းပြဲမွာ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ “အာဏာပိုင္ေတြက ဒီေဆာင္႐ြက္တဲ့ ကိစၥရပ္ေတြမွာ မပတ္သက္ပါဘူး၊ ပတ္သက္ရင္ လည္း သူ႔ကိုတရားစြဲေနစရာမလိုပါဘူး၊ အဲဒီအတြက္ ကြၽန္ေတ္ာတို႔ဘက္က ထိထိေရာက္ေရာက္ ေဆာင္႐ြက္သြားမယ္ ဆိုတာကိုေလာက္ပဲေျပာ ပါရေစ”လို႔ ဦးၿဖိဳးမင္းသိန္းက ဆိုပါတယ္။

ဦးဝီရသူဟာ လြန္ခဲ့တဲ့ေမလ ၅ ရက္က ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ပုဒ္မ ၅၉(စ) မျပင္ဆင္ေရးအတြက္ ေဟာေျပာပြဲက်င္းပတဲ့အခါ ႏိုင္ငံေတာ္အႀကီးအကဲေတြ၊ လက္ရွိလုပ္ေဆာင္ေနတဲ့ လုပ္ငန္းစဥ္ေတြအေပၚ မမွန္မကန္ေျပာဆိုတာေတြေၾကာင့္ ဥပေဒအႀကံျပဳခ်က္ရယူကာ ျပည္ေထာင္စုအစိုးရကိုတင္ျပၿပီး အမႈဖြင့္ထားတာလည္း ျဖစ္တယ္လို႔ သိရပါတယ္။ ထိုအမႈအတြက္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးက ရာဇဝတ္က်င့္ထုံးဥပေဒအရ ရာဇဝတ္အေထြေထြအမႈ ၃၉/၂၀၁၉၊ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၁၂၄(က) နဲ႔ အမႈဖြင့္ထားရာမွ တရားခံေျပးအျဖစ္ ျပစ္မႈဆိုင္ရာက်င့္ထုံးဥပေဒ ပုဒ္မ ၅၁၂ ျဖင့္ ေၾကညာခံထားရသူလည္း ျဖစ္ပါတယ္။ ယခုအခါ ဖမ္းဆီးရမိတာမ်ိဳးမရွိေသးတဲ့အတြက္ လာမယ့္ ဇြန္လ ၁၁ ရက္ ႐ုံးခ်ိန္းမွာ အမႈကို မ်က္ကြယ္အေနအထားအျဖစ္ ဆက္လက္ေဆာင္႐ြက္ဖို႔ရွိတယ္လို႔လည္း သိရပါတယ္။    

  ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၆