ဧရာဝတီတံတား(ရတနာပုံ)ပေါ်မှ ခုန်ချသွားသူ၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိ

ဧရာဝတီတံတား(ရတနာပုံ)ပေါ်မှ ခုန်ချသွားသူ၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိ

ဧရာဝတီတံတား(ရတနာပုံ)ပေါ်မှ ခုချသွားသူ၏ ရုပ်အလောင်းအား ယနေ့ သြဂုတ်လ ၄ ရက် မွန်းလွဲပိုင်း အချိန်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း မှ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း SERT မှ ရေပြင် ရှာဖွေကယ်ဆယ်ရေး အဖွဲ့၊သုခကာရီ ရေပြင်ကယ် ဆယ်ရေးအဖွဲ့ တို့ ပူးပေါင်းရှာဖွေခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၄ ရက် မွန်လွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ရှာဖွေ တွေရှိခဲ့ခြင်းဖြစ်ပြီး အိုးဘို RESCUE နာရေးယာဉ်ဖြင့် စစ်ကိုင်း ကုတင် ၂၀၀ ဆံ့ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကုန်းရွာ နေ အသက် (၂၃) နှစ် အရွယ် ကိုပြည့်ဟိန်းထက် သည် သြဂုတ်လ ၂ ရက် ညနေ ၅ နာရီအချိန်ခန့်က ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်း မှ ဧရာဝတီမြစ်အတွင်း ခုန်ချ သွားခဲ့ခြင်းဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
စစ်ကိုင်း၊ သြဂုတ် ၄
ဓာတ်ပုံ- အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း

(  Zawgyi  )



မင်းထွန်း(အုတ်ကျင်း)
စစ်ကိုင်း၊ သြဂုတ် ၎