၀င်း နှင့် ဇော် အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်မည့်ကိစ္စအား သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်မည်

၀င်း နှင့် ဇော် အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်မည့်ကိစ္စအား သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်မည်

လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ဝင်း နှင့် ဇော် အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်မည့်ကိစ္စအား သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေ မှ ပြောကြားခဲ့ပါတယ်။

“လိပ်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ထိုင်းနိုင်ငံ အမြင့်ဆုံးတရားရုံးက သေဒဏ်ကို အတည်ပြုတယ်လို့ ပြောပါတယ်၊ ဆက်ပြီးလုပ်မဲ့ကိစ္စကတော့ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံဖို့ဘဲ ရှိပါတယ်၊ ထိုင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းကလည်း ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်၊ အဲ့ဒါကိုလည်း ဆက်လက်ပြီးတော့ သတ်မှတ်တဲ့ နည်းလမ်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောချင်ပါတယ်၊ ဒီအမှုစဖြစ်ကထဲကိုက နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ညွန်ကြားချက်ရှိပါတယ်၊ ဌာနကလည်း အလုပ်သမားသံအရာရှိတွေ ထိုင်းနိုင်ငံမှာရှိတဲ့ သံအမတ်ကြီးတွေ၊ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီနေပါတယ်၊ အဆင့်လိုက်တိုင်း ကူညီနေပါတယ်၊ ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်တဲ့ ဦးဇော်ဇော် ကနေ ဒီအမှုနဲ့ပတ်သက်ပြီး ကုန်ကျစရိတ်တွေ အကုန်လုံးကျခံပေးနေတာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံဖက်ကတော့ အလားတူပါဘဲ လွှတ်တော်ဥက္ကဌတွေ၊ ကိုယ်တိုင်ကိုယ်က ဒါကို သက်ဆိုင်ရာ ထိုင်းနိုင်ငံ အကြီးအကဲများကို မေတ္တာရပ်ခံမှုတွေ ပေးပို့ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ ဒါကြောင့်မိုလို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်၊ ဆက်လက်ပြီးတော့မှ ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်၊ အသနားခံတင်တဲ့ ကိစ္စကတော့ ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးပါမယ်၊ ဒါက သူ့နိုင်ငံ သူ့ဥပဒေနဲ့ စည်းကြပါတာ ဖြစ်တဲ့အတွက် သူ့ဥပဒေနဲ့အညီ ဆောင်ရွက်လို့ရပါမယ်။ဆက်လက်ပြီးတော့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ် (၅၁) တွင် ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက ပြုလုပ်သည့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးအပြီး သတင်းထောက်များမှ ဝင်း နှင့် ဇော် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ စက်တင်ဘာ - ၂

( Zawgyi )

လိပ္ကြၽန္းလူသတ္မႈတြင္ ေသဒဏ္ခ်မွတ္ခံခဲ့ရသည့္ ျမန္မာႏိုင္ငံသား ဝင္း ႏွင့္ ေဇာ္ အတြက္ ထိုင္းဘုရင္ထံ အသနားခံစာတင္မည့္ကိစၥအား သက္ဆိုင္ရာႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိမ္းေဆြ မွ ေျပာၾကားခဲ့ပါတယ္။

“လိပ္ကြၽန္းကိစၥနဲ႔ ပတ္သက္ၿပီးေတာ့မွ ထိုင္းႏိုင္ငံ အျမင့္ဆုံးတရား႐ုံးက ေသဒဏ္ကို အတည္ျပဳတယ္လို႔ ေျပာပါတယ္၊ ဆက္ၿပီးလုပ္မဲ့ကိစၥကေတာ့ ထိုင္းဘုရင္မင္းျမတ္ဆီကို အသနားခံဖို႔ဘဲ ရွိပါတယ္၊ ထိုင္းမွာရွိတဲ့ လူမႈအဖြဲ႕အစည္းကလည္း ေဆာင္႐ြက္ဖို႔ စီစဥ္ေနပါတယ္၊ အဲ့ဒါကိုလည္း ဆက္လက္ၿပီးေတာ့ သတ္မွတ္တဲ့ နည္းလမ္းနဲ႔အညီ ဆက္လက္ေဆာင္႐ြက္သြားဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာခ်င္ပါတယ္၊ ဒီအမႈစျဖစ္ကထဲကိုက ႏိုင္ငံေတာ္အႀကီးအကဲမ်ားကိုယ္တိုင္ ၫြန္ၾကားခ်က္ရွိပါတယ္၊ ဌာနကလည္း အလုပ္သမားသံအရာရွိေတြ ထိုင္းႏိုင္ငံမွာရွိတဲ့ သံအမတ္ႀကီးေတြ၊ ထိုင္းႏိုင္ငံမွာရွိတဲ့ အလုပ္သမားေရးရာ အဖြဲ႕အစည္းေတြ ဝိုင္းဝန္းကူညီေနပါတယ္၊ အဆင့္လိုက္တိုင္း ကူညီေနပါတယ္၊ ပုဂၢလိကလုပ္ငန္းရွင္ျဖစ္တဲ့ ဦးေဇာ္ေဇာ္ ကေန ဒီအမႈနဲ႔ပတ္သက္ၿပီး ကုန္က်စရိတ္ေတြ အကုန္လုံးက်ခံေပးေနတာ ျဖစ္ပါတယ္၊ ျမန္မာႏိုင္ငံဖက္ကေတာ့ အလားတူပါဘဲ လႊတ္ေတာ္ဥကၠဌေတြ၊ ကိုယ္တိုင္ကိုယ္က ဒါကို သက္ဆိုင္ရာ ထိုင္းႏိုင္ငံ အႀကီးအကဲမ်ားကို ေမတၱာရပ္ခံမႈေတြ ေပးပို႔ၿပီးေတာ့ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္၊ ဒါေၾကာင့္မိုလို႔ ေဆာင္႐ြက္ေနဆဲျဖစ္ပါတယ္၊ ဆက္လက္ၿပီးေတာ့မွ ေဆာင္႐ြက္သြားမယ္လို႔ ေျပာခ်င္ပါတယ္၊ အသနားခံတင္တဲ့ ကိစၥကေတာ့ ဆက္လက္ၿပီး ညႇိႏႈိင္းေဆြးေႏြးပါမယ္၊ ဒါက သူ႔ႏိုင္ငံ သူ႔ဥပေဒနဲ႔ စည္းၾကပါတာ ျဖစ္တဲ့အတြက္ သူ႔ဥပေဒနဲ႔အညီ ေဆာင္႐ြက္လို႔ရပါမယ္။ဆက္လက္ၿပီးေတာ့ သက္ဆိုင္ရာနဲ႔ ညႇိႏႈိင္းၿပီး ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ေနျပည္ေတာ္၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ႐ုံးအမွတ္ (၅၁) တြင္ ယေန႔ စက္တင္ဘာလ ၂ ရက္ နံနက္ပိုင္းက ျပဳလုပ္သည့္ အလုပ္သမားေရးရာ ပူးေပါင္းေဆာင္႐ြက္ေရး လုပ္ငန္းေကာ္မတီ အစည္းအေဝးအၿပီး သတင္းေထာက္မ်ားမွ ဝင္း ႏွင့္ ေဇာ္ ကိစၥႏွင့္ပတ္သက္၍ ေမးျမန္းမႈအေပၚ ေျဖၾကားခဲ့ျခင္း ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ စက္တင္ဘာ - ၂