၂၀၀၃ မော်ဒယ်နဲ့အောက် YBS ဘတ်စ်များ စတင်အပ်နှံ ခွင့်ပြု

၂၀၀၃ မော်ဒယ်နဲ့အောက် YBS ဘတ်စ်များ စတင်အပ်နှံ ခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေကြသော ကြံ့ခိုင်မှုအားနည်းလာတဲ့ ၂၀၁၃ ခုနှစ်နဲ့အောက် YBS ယာဉ်တွေကို ယခုလမှစတင်ကာ အရည်ကျိုအပ်နှံခွင့်ပြုနေတယ်လို့ သိရပါတယ်။

“မူအရတော့ သက်တမ်း နှစ် ၂၀ ပြည့်တဲ့ ယာဉ်တွေကိုပဲ အပ်နှံလက်ခံတာ ဖြစ်ပါတယ်၊ လက်ရှိမှာက ၁၉၉၉ ခုနှစ်ထုတ် ယာဉ်တွေကိုပဲ လက်ခံနေရာကနေ တိုင်းအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ဆောင်ရွက် တာ ဖြစ်ပါတယ်”လို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးလျန်ကျင့်မန်က ရှင်းပြပါတယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့ အဆိုပါယာဉ်တွေကိုအပ်နှံပြီး လူစီးစလစ် ထုတ်ယူနိုင်ဖို့ လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

“တစ်ချို့ခရီးသည်တွေက ပြောကြပါတယ်၊ YBS ယာဉ်တွေထဲမှာ အဲယားကွန်းမကောင်းတာတို့ စုတ်ပြတ် နေတဲ့ ယာဉ်တွေပါဝင်နေတာတို့ ဆိုတဲ့အတွက် ပြောဆိုလာတာတွေရှိကြပါတယ်၊ တစ်ဖက် ကလည်း ယာဉ်ပိုင်ရှင် တွေရဲ့ အခက်အခဲဆိုတာ ရှိပါတယ်၊ ၁၉၆၂ ခုနှစ် မထသ စတင် စဉ်ကတည်း က ပါလာတဲ့ ယာဉ်ပိုင်ရှင် တွေလည်းရှိသလို တစ်ချို့ယာဉ်တွေက ခေတ်ကာလနဲ့လျော်ညီမှု မရှိပေ မယ့် ယာဉ်ပိုင်ရှင်တွေရဲ့စားဝတ်နေရေး အခက်အခဲတွေအရ ဒီဘက်ခေတ်အထိ အသုံးပြုခွင့်ပေး ထားတာတွေရှိပါတယ်၊ ပုံမှန်အတိုင်းဆိုရင် ၁၉၉၉ ခုနှစ် မော်ဒယ်အထိသာ အပ်နှံတာကို လက်ခံနေပေမယ့် အဲ့ဒီယာဉ်တွေမှာ အများစုဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ် မော်ဒယ် ကြားမှာ ရှိနေတာ ကို တွေ့ရပါတယ်၊ အဲ့ဒီလိုအခြေအနေတွေကနေ သတ်မှတ်တဲ့ နှစ်ကာလကို မရောက်သေးပေမယ့် အထူးအစီအစဉ်အရ အပ်နှံတာကို လက်ခံပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြတဲ့ အခါမှာ တိုင်းဒေသကြီးကနေ ပြည်ထောင်စုအဆင့်ကို တင်ပြပြီးတော့ ဆောင်ရွက်ကြတာဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

YBS ဘတ်စ်ယာဉ်တွေကို လူစီးစလစ်ထုတ်ပေးတဲ့ လုပ်ဆောင်မှုကိုတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ပထမအကြိမ် အဖြစ် ၁၉၉၅ မော်ဒယ်နဲ့အောက် ယာဉ်တွေကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ မှာ ဒုတိယအကြိမ်အဖြစ် ၁၉၉၈ ခုနှစ် မိုဒယ်နှင့်အောက် ယာဉ်တွေကို လုပ်ဆောင် ခဲ့ သလို ယခုတတိယအကြိမ်အဖြစ် အပ်နှံလက်ခံတာဖြစ်တယ်လို့ သိရပါတယ်။ ထိုအပ်နှံလက်ခံခွင့်ပြုဖို့ လောလောဆယ်မှာ အစီးရေ ၇၀၀ သာ YRTA က ထောက်ခံထားတာကြောင့် ယင်းပမာဏပြည့် တဲ့ အထိ လက်ခံသွားဖို့ရှိတယ်လို့ သိရပါတယ်။      
           
  ဇွဲမာန်                                            
 ရန်ကုန်၊ သြဂုတ် ၂

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျပးဆြဲေနၾကေသာ ႀကံ့ခိုင္မႈအားနည္းလာတဲ့ ၂၀၁၃ ခုႏွစ္နဲ႔ေအာက္ YBS ယာဥ္ေတြကို ယခုလမွစတင္ကာ အရည္က်ိဳအပ္ႏွံခြင့္ျပဳေနတယ္လို႔ သိရပါတယ္။

“မူအရေတာ့ သက္တမ္း ႏွစ္ ၂၀ ျပည့္တဲ့ ယာဥ္ေတြကိုပဲ အပ္ႏွံလက္ခံတာ ျဖစ္ပါတယ္၊ လက္ရွိမွာက ၁၉၉၉ ခုႏွစ္ထုတ္ ယာဥ္ေတြကိုပဲ လက္ခံေနရာကေန တိုင္းအစိုးရအဖြဲ႕ရဲ႕ အစီအစဥ္နဲ႔ ေဆာင္႐ြက္ တာ ျဖစ္ပါတယ္”လို႔ ကုန္လမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး ဦးစီးဌာနမႉး ဦးလ်န္က်င့္မန္က ရွင္းျပပါတယ္။ ယာဥ္ပိုင္ရွင္ေတြအေနနဲ႔ အဆိုပါယာဥ္ေတြကိုအပ္ႏွံၿပီး လူစီးစလစ္ ထုတ္ယူႏိုင္ဖို႔ လုပ္ေဆာင္ေပးေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

“တစ္ခ်ိဳ႕ခရီးသည္ေတြက ေျပာၾကပါတယ္၊ YBS ယာဥ္ေတြထဲမွာ အဲယားကြန္းမေကာင္းတာတို႔ စုတ္ျပတ္ ေနတဲ့ ယာဥ္ေတြပါဝင္ေနတာတို႔ ဆိုတဲ့အတြက္ ေျပာဆိုလာတာေတြရွိၾကပါတယ္၊ တစ္ဖက္ ကလည္း ယာဥ္ပိုင္ရွင္ ေတြရဲ႕ အခက္အခဲဆိုတာ ရွိပါတယ္၊ ၁၉၆၂ ခုႏွစ္ မထသ စတင္ စဥ္ကတည္း က ပါလာတဲ့ ယာဥ္ပိုင္ရွင္ ေတြလည္းရွိသလို တစ္ခ်ိဳ႕ယာဥ္ေတြက ေခတ္ကာလနဲ႔ေလ်ာ္ညီမႈ မရွိေပ မယ့္ ယာဥ္ပိုင္ရွင္ေတြရဲ႕စားဝတ္ေနေရး အခက္အခဲေတြအရ ဒီဘက္ေခတ္အထိ အသုံးျပဳခြင့္ေပး ထားတာေတြရွိပါတယ္၊ ပုံမွန္အတိုင္းဆိုရင္ ၁၉၉၉ ခုႏွစ္ ေမာ္ဒယ္အထိသာ အပ္ႏွံတာကို လက္ခံေနေပမယ့္ အဲ့ဒီယာဥ္ေတြမွာ အမ်ားစုဟာ ၂၀၀၁ ခုႏွစ္ကေန ၂၀၀၃ ခုႏွစ္ ေမာ္ဒယ္ ၾကားမွာ ရွိေနတာ ကို ေတြ႕ရပါတယ္၊ အဲ့ဒီလိုအေျခအေနေတြကေန သတ္မွတ္တဲ့ ႏွစ္ကာလကို မေရာက္ေသးေပမယ့္ အထူးအစီအစဥ္အရ အပ္ႏွံတာကို လက္ခံေပးဖို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကို တင္ျပတဲ့ အခါမွာ တိုင္းေဒသႀကီးကေန ျပည္ေထာင္စုအဆင့္ကို တင္ျပၿပီးေတာ့ ေဆာင္႐ြက္ၾကတာျဖစ္ပါတယ္”လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) က တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာပါတယ္။

YBS ဘတ္စ္ယာဥ္ေတြကို လူစီးစလစ္ထုတ္ေပးတဲ့ လုပ္ေဆာင္မႈကိုေတာ့ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလမွာ ပထမအႀကိမ္ အျဖစ္ ၁၉၉၅ ေမာ္ဒယ္နဲ႔ေအာက္ ယာဥ္ေတြကိုလည္းေကာင္း၊ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ မွာ ဒုတိယအႀကိမ္အျဖစ္ ၁၉၉၈ ခုႏွစ္ မိုဒယ္ႏွင့္ေအာက္ ယာဥ္ေတြကို လုပ္ေဆာင္ ခဲ့ သလို ယခုတတိယအႀကိမ္အျဖစ္ အပ္ႏွံလက္ခံတာျဖစ္တယ္လို႔ သိရပါတယ္။ ထိုအပ္ႏွံလက္ခံခြင့္ျပဳဖို႔ ေလာေလာဆယ္မွာ အစီးေရ ၇၀၀ သာ YRTA က ေထာက္ခံထားတာေၾကာင့္ ယင္းပမာဏျပည့္ တဲ့ အထိ လက္ခံသြားဖို႔ရွိတယ္လို႔ သိရပါတယ္။      
           
  ဇြဲမာန္                                            
 ရန္ကုန္၊ ၾသဂုတ္ ၂