၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော် စာစစ်ဌာနတွင် နှစ်သောင်းကျော်ဖြေဆို၊ ခုနှစ်ထောင်ကျော်သာ အောင်မြင်ခဲ့

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော် စာစစ်ဌာနတွင် နှစ်သောင်းကျော်ဖြေဆို၊ ခုနှစ်ထောင်ကျော်သာ အောင်မြင်ခဲ့

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ယနေ့ ဇွန် (၈) ရက်နေ့တွင် ထွက်ရှိရာ နေပြည်တော် စာစစ်ဌာနမှ ယခုနှစ်ဖြေဆိုသူပေါင်း (၂၄၈၂၈) ဦး ဖြေဆိုခဲ့ပြီး ဖြေဆိုသူများအနက် (၇၆၆၂) ဦးသာ အောင်မြင်ခဲ့ကြောင်း၊ ယခုနှစ် နေပြည်တော် စာစစ်ဌာန၏ အောင်ချက်ရာခိုင်နှုန်းမှာ (၃၀.၈၆%) ဖြစ်ကြောင်း နေပြည်တော် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

နေပြည်တော် စာစစ်ဌာနမှ ယခုနှစ် ခြောက်ဘာသာဂုဏ်ထူးရှင် (၂၂) ဦး ထွက်ပေါ်ခဲ့ပြီး (၅-ဘာသာ ဂုဏ်ထူးရှင် (၂၈) ဦး၊(၄-ဘာသာဂုဏ်ထူးရှင် (၄၃) ဦး)၊ (၃-ဘာသာ ဂုဏ်ထူးရှင် (၆၃) ဦး)၊ (၂-ဘာသာ ဂုဏ်ထူးရှင် (၁၄၉) ဦး)၊ (၁-ဘာသာ ဂုဏ်ထူးရှင် (၆၉၄) ဦး၊ ရရှိခဲ့ကြောင်း၊ ဘာသာရပ်အလိုက် မြန်မာစာ ဂုဏ်ထူးရှင် (၂၅၀)၊ အင်္ဂလိပ်စာ ဂုဏ်ထူးရှင် (၄၀) ဦး၊ သင်္ချာဘာသာ ဂုဏ်ထူးရှင် (၁၅၉) ဦး၊ ဓာတုဘာသာ ဂုဏ်ထူးရှင် (၁၄၇) ဦး၊ ရူပဗေဒဘာသာ ဂုဏ်ထူးရှင် (၁၅၈) ဦး၊ ဇီဝဗေဒဘာသာ ဂုဏ်ထူးရှင် (၃၇၆) ဦး၊ ဘောဂဗေဒဘာသာ ဂုဏ်ထူးရှင် (၃၇၃) ဦး၊ ပထဝီဝင်ဘာသာ ဂုဏ်ထူးရှင် (၁၀၀) ဦး၊ သမိုင်းဘာသာ ဂုဏ်ထူးရှင် (၂၂) ဦး၊ ရရှိခဲ့ကြောင်း သိရှိရပါတယ်။

PTG
နေပြည်တော်၊ ဇွန် - ၈

( Zawgyi )



PTG
နေပြည်တော်၊ ဇွန် - ၈