၂၀၁၉ ခုနှစ် သုံးလတာ ကာလအတွင်း လူကုန်ကူးခံရသူ ၁၀၅ ဦးအထိ ရှိလာ

၂၀၁၉ ခုနှစ် သုံးလတာ ကာလအတွင်း လူကုန်ကူးခံရသူ ၁၀၅ ဦးအထိ ရှိလာ

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာ ကာလအတွင်း မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူ ၁၀၅ ဦးအထိရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လူကုန်ကူးခံရသူများတွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၉၅ ဦးနဲ့ ယောင်္ကျားလေးငယ် ၁ ဦး၊ မိန်းကလေးငယ် ၁၀ ဦး စုစုပေါင်း ၁၀၅ ဦး လူကုန်ကူူးမှုခံခဲ့ရပြီး လူကုန်ကူးသူ ၂၂၉ ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

လူကုန်ကူးမှု ဖြစ်ပွားမှု အခြေအနေအရ ရှမ်းပြည်နယ်တွင် ၂၁ မှု၊ ရန်ကုန်တိုင်းတွင် ၂၂ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၀မှု၊ ကချင်ပြည်နယ်တွင် ၁၁ မှု၊ မွန်ပြည်နယ်တွင် ၄ မှု၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၅ မှု၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့တွင် ၁ မှု စီ ဖြစ်ပွားခဲ့ပါတယ်။

၄ လတာ ကာလအတွင်း လူကုန်ကူးမှု ပေါင်း ၇၈ မှု ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ခံရမှု အများဆုံးဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၆၅ မှုအထိ ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က လူကုန်ကူးမှု ၁၃၁ မှု ဖြစ်ပွားခဲ့ပြီး ၃၀၇ ဦး လူကုန်ကူးခံခဲ့ရပါတယ်။၂၀၁၇ ခုနှစ်တွင် လူကုန်ကူးမှု ၂၂၅ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၃၆၀ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တွင် လူကုန်ကူးမှု ၂၀၆ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၃၁၇ ဦး ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ မေ - ၄

( Zawgyi )

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအထိ ၄ လတာ ကာလအတြင္း ျမန္မာႏိုင္ငံတြင္ လူကုန္ကူးခံရသူ ၁၀၅ ဦးအထိရွိေၾကာင္း လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

လူကုန္ကူးခံရသူမ်ားတြင္ အမ်ိဳးသား ၈ ဦး၊ အမ်ိဳးသမီး ၉၅ ဦးနဲ႔ ေယာက်ၤားေလးငယ္ ၁ ဦး၊ မိန္းကေလးငယ္ ၁၀ ဦး စုစုေပါင္း ၁၀၅ ဦး လူကုန္ကူူးမႈခံခဲ့ရၿပီး လူကုန္ကူးသူ ၂၂၉ ဦးအား ဖမ္းဆီးရမိခဲ့တယ္လို႔ ဆိုပါတယ္။

လူကုန္ကူးမႈ ျဖစ္ပြားမႈ အေျခအေနအရ ရွမ္းျပည္နယ္တြင္ ၂၁ မႈ၊ ရန္ကုန္တိုင္းတြင္ ၂၂ မႈ၊ မႏၲေလးတိုင္းေဒသႀကီးတြင္ ၁၀မႈ၊ ကခ်င္ျပည္နယ္တြင္ ၁၁ မႈ၊ မြန္ျပည္နယ္တြင္ ၄ မႈ၊ ဧရာဝတီတိုင္းေဒသႀကီး တြင္ ၅ မႈ၊ ေနျပည္ေတာ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီးနဲ႔ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ ၁ မႈ စီ ျဖစ္ပြားခဲ့ပါတယ္။

၄ လတာ ကာလအတြင္း လူကုန္ကူးမႈ ေပါင္း ၇၈ မႈ ျဖစ္ပြားခဲ့ရာ တ႐ုတ္ႏိုင္ငံသို႔ အဓမၼလက္ထပ္ခံရမႈ အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး စုစုေပါင္း ၆၅ မႈအထိ ျဖစ္ပြားခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္က လူကုန္ကူးမႈ ၁၃၁ မႈ ျဖစ္ပြားခဲ့ၿပီး ၃၀၇ ဦး လူကုန္ကူးခံခဲ့ရပါတယ္။၂၀၁၇ ခုႏွစ္တြင္ လူကုန္ကူးမႈ ၂၂၅ မႈ ျဖစ္ပြားခဲ့ၿပီး လူကုန္ကူးခံရသူ ၃၆၀ ဦးအထိ ျမင့္တက္လာခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္တြင္ လူကုန္ကူးမႈ ၂၀၆ မႈျဖစ္ပြားခဲ့ၿပီး လူကုန္ကူးခံရသူ ၃၁၇ ဦး ရွိေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရွိရပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ေမ - ၄