(၃၆)နာရီအတွင်း အလွန်အမင်းအားကောင်းလာမည့်ဆိုင်ကလုန်မုန်တိုင်း ဖန်နီ (FANI) အိန္ဒိယသို့ ဦးတည်နေ

(၃၆)နာရီအတွင်း အလွန်အမင်းအားကောင်းလာမည့်ဆိုင်ကလုန်မုန်တိုင်း ဖန်နီ (FANI) အိန္ဒိယသို့ ဦးတည်နေ

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော ဆိုင်ကလုန်မုန်တိုင်း ဖန်နီ (FANI)ဟာ နောက် ၃၆ နာရီအတွင်း အလွန်အမင်းအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိပြီး နောက်ထပ် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ သြရိသ ကမ်းခြေ ကို ဦးတည်ရွေ့လျားမယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက ယနေ့(ဧပြီ ၃၀ရက်) မနက် ၁၁ နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါမုန်တိုင်းဟာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမယ့်အခြေအနေမျိုးမရှိတာကြောင့် လတ်တလောမှာတော့ မုန်တိုင်းသတင်းနဲ့ပတ်သက်လို့ အဝါရောင်အဆင့်သတ်မှတ်ထားသလို အမြင့်ဆုံးလေတိုက်နှုန်းအနေနဲ့ တစ်နာရီကို ၇၅ မိုင်နှုန်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ထိုဆိုင်ကလုန်းမုန်တိုင်း ဖန်နီ (FANI)ဟာ တစ်နာရီလျှင် ၉ ကီလိုမီတာနှုန်းဖြင့် အနောက်မြောက်ဘက် ယွန်းယွန်းသို့ ရွေ့လျားနေပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရဲ့ တောင်ဘက် ၆၅၇ ကီလိုမီတာ အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေကို မေလ ၄ရက်မှာ ဖြတ်ကျော ်နိုင်ကြောင်း၊ ထို့နောက်တွင် ကုန်းတွင်းမုန်တိုင်းအဖြစ် ပြန်လည်အားလျော့ပြီး အရှေ့မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဘက်ဆီကို ဦးတည်ရွေ့လျားနိုင်တယ်လို့လည်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ဖော်ပြခဲ့ပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဧပြီ ၃၀

(  Zawgyi  )

 ဘဂၤလားပင္လယ္ေအာ္ အေနာက္ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ အားေကာင္းေသာ ဆိုင္ကလုန္မုန္တိုင္း ဖန္နီ (FANI)ဟာ ေနာက္ ၃၆ နာရီအတြင္း အလြန္အမင္းအားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Extremely Severe Cyclonic Storm) အျဖစ္သို႔ ေရာက္ရွိၿပီး ေနာက္ထပ္ ၄၈ နာရီအတြင္း အိႏၵိယႏိုင္ငံ၊ ၾသရိသ ကမ္းေျခ ကို ဦးတည္ေ႐ြ႕လ်ားမယ္လို႔ ခန႔္မွန္းထားေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီး ဌာနက ယေန႔(ဧၿပီ ၃၀ရက္) မနက္ ၁၁ နာရီမွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

အဆိုပါမုန္တိုင္းဟာ ျမန္မာႏိုင္ငံဘက္သို႔ ေ႐ြ႕လ်ားမယ့္အေျခအေနမ်ိဳးမရွိတာေၾကာင့္ လတ္တေလာမွာေတာ့ မုန္တိုင္းသတင္းနဲ႔ပတ္သက္လို႔ အဝါေရာင္အဆင့္သတ္မွတ္ထားသလို အျမင့္ဆုံးေလတိုက္ႏႈန္းအေနနဲ႔ တစ္နာရီကို ၇၅ မိုင္ႏႈန္းျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

ထိုဆိုင္ကလုန္းမုန္တိုင္း ဖန္နီ (FANI)ဟာ တစ္နာရီလွ်င္ ၉ ကီလိုမီတာႏႈန္းျဖင့္ အေနာက္ေျမာက္ဘက္ ယြန္းယြန္းသို႔ ေ႐ြ႕လ်ားေနၿပီး လက္ရွိမွာ အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕ရဲ႕ ေတာင္ဘက္ ၆၅၇ ကီလိုမီတာ အကြာ ပင္လယ္ျပင္ကိုဗဟိုျပဳေနၿပီး အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ကမ္းေျခကို ေမလ ၄ရက္မွာ ျဖတ္ေက်ာ ္ႏိုင္ေၾကာင္း၊ ထို႔ေနာက္တြင္ ကုန္းတြင္းမုန္တိုင္းအျဖစ္ ျပန္လည္အားေလ်ာ့ၿပီး အေရွ႕ေျမာက္ဘက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ နဲ႔ ျမန္မာႏိုင္ငံေျမာက္ပိုင္းဘက္ဆီကို ဦးတည္ေ႐ြ႕လ်ားႏိုင္တယ္လို႔လည္း မိုးေလဝသ ပညာရွင္ ေဒါက္တာထြန္းလြင္က ၎ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚကေန ေဖာ္ျပခဲ့ပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဧၿပီ ၃၀