‌ဆုချီးမြှင့်သည့်ပုံစံမျိုးဖြင့် ထောက်ပံ့မည်ဆိုပါက လက်ခံမည်ဟု သက်ထားသူဇာ၏ ဖခင်ပြော

‌ဆုချီးမြှင့်သည့်ပုံစံမျိုးဖြင့် ထောက်ပံ့မည်ဆိုပါက လက်ခံမည်ဟု သက်ထားသူဇာ၏ ဖခင်ပြော

လာမယ့် ၂ဝ၂ဝ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့  မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ ကို ဆုချီးမြှင့်တဲ့ပုံစံမျိုးနဲ့ ထောက်ပံ့ပေးကြမယ်ဆိုရင် လက်ခံတယ်လို့ သက်ထားသူဇာ ရဲ့ ဖခင်ဖြစ်သူ ကြက်တောင်နည်းပြ ဦးထွန်းထွန်းဇော် က ပြောပါတယ်။

"ကျွန်တော်တို့ကို တချို့က လုံးဝစားစရာမရှိတဲ့ပုံစံမျိုးနဲ့ ထောက်ပံ့မယ်ဆိုတာ။အဲ့ဒါမျိုးဆိုရင် လက်မခံဘူး။ကျွန်တော်တို့က အဲ့ဒီလိုလဲမဟုတ်ဘူး။ဆုချီးမြှင့်ပေးတယ်ဆိုရင်တော့ အဆင်ပြေပါတယ်။တချို့တွေကပြောကြတယ်ပေါ့။လုံးဝ စားစရာမရှိဘူးလို့ ထင်ကြတယ်။အဲ့ဒီလိုပုံစံမျိုး လုံးဝမဟုတ်ဘူး။အဲ့ဒါကြီးက လုံးဝမဟုတ်ဘူး။တချို့က အဲ့ဒီလိုမျိုးတွေပြောနေကြတာ မဟုတ်ပါဘူး" လို့ ဦးထွန်းထွန်းဇော် က ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ အပြောများနေတဲ့ သက်ထားသူဇာ က နိုင်ငံတကာ ပြိုင်ပွဲတချို့မှာ ငွေကြေးချွေတာတဲ့အနေနဲ့ ခေါက်ဆွဲထုပ်စားပြီး ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ခဲ့ရတယ်ဆိုတဲ့ အကြောင်းကိုလည်း ဦးထွန်းထွန်းဇော် က အခုလိုရှင်းပြပါတယ်။

"သူ လက်ရှိရုန်းကန်နေရတဲ့ အခက်အခဲကတော့ လောလောဆယ်တော့ ဘာမှမရှိသေးပါဘူး။ဟိုမှာ သူဖြေထားတဲ့ဟာတစ်ခုက ဘာလဲဆိုတော့ အစားအသောက်ကိစ္စတစ်ခုနဲ့ ဖြေထားတာရှိတယ်။အဲ့ဖြေထားတဲ့ဟာတစ်ခုက ကင်ညာကို သွားတုန်းက ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီကိုယ်တိုင် အပြင်ကိုထွက်ခွင့်မပေးဘူး။ဟိုတယ်နဲ့ အားကစားကွင်း၊ အားကစားကွင်းနဲ့ ဟိုတယ်ပဲ သွားရတယ်။အဲ့ဒီလို အပြင်ထွက်ခွင့်မပေးဘူး။ဘာဖြစ်လို့လဲဆိုတော့ အန္တရာယ်ရှိလို့။အဲ့ဒီတော့ ဟိုတယ်မှာစား၊ ဟိုတယ်မှာနေရတာပေါ့။ဟိုတယ်စာ စားလို့မရတဲ့အခါကျတော့ ကျွန်တော်တို့ ပါသွားတဲ့ ခေါက်ဆွဲထုပ်စားရတာ။ဟိုလို ပိုက်ဆံမရှိလို့ စားရတာမဟုတ်ဘူး။ပါသွားတဲ့ ခေါက်ဆွဲထုပ်စားရတာ။ဟိုတယ်စာ မှာစားတော့လည်း အဆင်မပြေဘူး။သူတို့အစားအသောက်တွေက အဆင်မပြေတဲ့အခါကျတော့ ရှိတဲ့ ခေါက်ဆွဲထုပ်စားပြီးတော့ အဲ့ဒီလိုပြိုင်တာပြောတာပါ" လို့  မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ ရဲ့ ဖခင် ကြက်တောင်နည်းပြ ဦးထွန်းထွန်းဇော် က ရှင်းပြပါတယ်။

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ ဟာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ရဲ့ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားတဲ့ အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့် ၇၂ နေရာမှာ ရပ်တည်နေပါတယ်။

ဒီလအတွင်းမှာပဲ ဂရိနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့  ဂရိအင်တာနေရှင်နယ် ကြက်တောင်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယဆုရရှိခဲ့သလို  သြဂုတ်လ ၁၂ ရက်မှ ၁၅ ရက်ထိ ဘူလ်ဂေးရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့  ဘူလ်ဂေးရီးယား အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲမှာလည်း သက်ထားသူဇာ ဟာ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ အပတ်ကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၇ဝ ထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေမရှိတဲ့အတွက် ကမ္ဘာ့အဆင့် ၇၂ ကို ပြန်ကျခဲ့တာပါ။ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က အဆင့်သတ်မှတ်ချက်တွေကို တစ်ပတ်တစ်ကြိမ် ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။အဲ့ဒီတစ်ပတ်အတွင်းကာလမှာ ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ရမှတ်တွေ စုဆောင်းနိုင်သူက ကမ္ဘာ့အဆင့်သတ်မှတ်ချက် မြင့်တက်လာမှာပါ။ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ပြိုင်ပွဲတွေကလည်း အပတ်စဉ်တိုင်းရှိနေတာ ဖြစ်ပါတယ်။

"ကွာလီဖိုင် ဝင်ဖို့အတွက်ကို အများကြီးမျှော်လင့်ထားပါတယ်။အဲ့ဒီအတွက်ပဲ ကြိုးစားနေတာပါ။ကျွန်တော်ယုံကြည်တယ် သူ့ကို။ဖြစ်နိုင်ခြေလည်း အများကြီးရှိတယ်" လို့ ဦးထွန်းထွန်းဇော် မှ ပြောပါတယ်။

သက်ထားသူဇာ ဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ နှစ်ကုန်ပိုင်းက အီဂျစ် အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲမှာ "ချန်ပီယံဆု" အပါအဝင် နီပေါ အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲမှာ "ဒုတိယဆု" နဲ့ ၂ဝ၁၉ ခုနှစ်အတွင်း ကင်ညာ၊ ယူဂန္ဓာ၊ မောရစ်သျှ၊ ဘီနင်၊ အိုင်ဗရီကို့စ် အင်တာနေရှင်နယ်စီးရီး ပြိုင်ပွဲတို့မှာလည်း "ချန်ပီယံဆု" တွေ ဆက်တိုက်ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ဂရိ အင်တာနေရှင်နယ်စီးရီး ပြိုင်ပွဲမှာလည်း "ဒုတိယဆု" ရယူခဲ့ပြီး လာမယ့် စက်တင်ဘာလ ၁ဝ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမယ့် မြန်မာ အင်တာနေရှင်နယ်စီးရီး ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီနောက် မော်လ်ဒိုက်၊ အီဂျစ်၊ အိန္ဒိယ နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲတွေနဲ့ ဒီဇင်ဘာလအတွင်း ကျင်းပသွားမယ့် ဖိလစ်ပိုင်နိုင်ငံ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဆက်လက်ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ သက်ထားသူဇာ ရဲ့ ဖခင်ပြောပြချက်အရ သိရပါတယ်။

"နောက်နှစ်ပြိုင်ပွဲတွေအတွက်တော့ အစီအစဉ်မဆွဲရသေးဘူး။ဒီနှစ်ထိတော့ ဆွဲပြီးသွားပြီ။နောက်ဆုံး ဆီးဂိမ်းထိပေါ့" လို့ သက်ထားသူဇာ ရဲ့ ဖခင်ဖြစ်သူ ကြက်တောင်နည်းပြ ဦးထွန်းထွန်းဇော် က ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

အခုလို နိုင်ငံတကာပြိုင်ပွဲတွေကနေ ဆုတံဆိပ်တွေ ရယူနိုင်ခဲ့တဲ့အတွက်ကြောင့် မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၃ဝ ရက်နေ့မှာ ကျပ်သိန်း ၂ဝဝ ဆုချီးမြှင့်ခဲ့ပြီး သက်ထားသူဇာ ရဲ့ ဖခင်ဖြစ်သူက လက်ခံယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  သက်ထားသူဇာအတွက် ဒေါ်လာ ၅ဝဝဝ ပေးအပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ သက်ထားသူဇာ ဟာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီရဲ့ အစီအစဉ်နဲ့ပဲ ဒိန်းမတ်နိုင်ငံမှာ စခန်းသွင်းလေ့ကျင့်မှုတွေ လုပ်နေပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် - ၃၁
ဓာတ်ပုံ - Thet Htar Thuzar (FB)

( Zawgyi )

လာမယ့္ ၂ဝ၂ဝ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိေရးအတြက္ ႏိုင္ငံတကာၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့  ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာ ကို ဆုခ်ီးျမႇင့္တဲ့ပုံစံမ်ိဳးနဲ႔ ေထာက္ပံ့ေပးၾကမယ္ဆိုရင္ လက္ခံတယ္လို႔ သက္ထားသူဇာ ရဲ႕ ဖခင္ျဖစ္သူ ၾကက္ေတာင္နည္းျပ ဦးထြန္းထြန္းေဇာ္ က ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ကို တခ်ိဳ႕က လုံးဝစားစရာမရွိတဲ့ပုံစံမ်ိဳးနဲ႔ ေထာက္ပံ့မယ္ဆိုတာ။အဲ့ဒါမ်ိဳးဆိုရင္ လက္မခံဘူး။ကြၽန္ေတာ္တို႔က အဲ့ဒီလိုလဲမဟုတ္ဘူး။ဆုခ်ီးျမႇင့္ေပးတယ္ဆိုရင္ေတာ့ အဆင္ေျပပါတယ္။တခ်ိဳ႕ေတြကေျပာၾကတယ္ေပါ့။လုံးဝ စားစရာမရွိဘူးလို႔ ထင္ၾကတယ္။အဲ့ဒီလိုပုံစံမ်ိဳး လုံးဝမဟုတ္ဘူး။အဲ့ဒါႀကီးက လုံးဝမဟုတ္ဘူး။တခ်ိဳ႕က အဲ့ဒီလိုမ်ိဳးေတြေျပာေနၾကတာ မဟုတ္ပါဘူး" လို႔ ဦးထြန္းထြန္းေဇာ္ က ေျပာပါတယ္။

လူမႈကြန္ရက္စာမ်က္ႏွာမွာ အေျပာမ်ားေနတဲ့ သက္ထားသူဇာ က ႏိုင္ငံတကာ ၿပိဳင္ပြဲတခ်ိဳ႕မွာ ေငြေၾကးေခြၽတာတဲ့အေနနဲ႔ ေခါက္ဆြဲထုပ္စားၿပီး ၿပိဳင္ပြဲေတြကို ယွဥ္ၿပိဳင္ခဲ့ရတယ္ဆိုတဲ့ အေၾကာင္းကိုလည္း ဦးထြန္းထြန္းေဇာ္ က အခုလိုရွင္းျပပါတယ္။

"သူ လက္ရွိ႐ုန္းကန္ေနရတဲ့ အခက္အခဲကေတာ့ ေလာေလာဆယ္ေတာ့ ဘာမွမရွိေသးပါဘူး။ဟိုမွာ သူေျဖထားတဲ့ဟာတစ္ခုက ဘာလဲဆိုေတာ့ အစားအေသာက္ကိစၥတစ္ခုနဲ႔ ေျဖထားတာရွိတယ္။အဲ့ေျဖထားတဲ့ဟာတစ္ခုက ကင္ညာကို သြားတုန္းက ၿပိဳင္ပြဲက်င္းပေရး ဆပ္ေကာ္မတီကိုယ္တိုင္ အျပင္ကိုထြက္ခြင့္မေပးဘူး။ဟိုတယ္နဲ႔ အားကစားကြင္း၊ အားကစားကြင္းနဲ႔ ဟိုတယ္ပဲ သြားရတယ္။အဲ့ဒီလို အျပင္ထြက္ခြင့္မေပးဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ အႏၲရာယ္ရွိလို႔။အဲ့ဒီေတာ့ ဟိုတယ္မွာစား၊ ဟိုတယ္မွာေနရတာေပါ့။ဟိုတယ္စာ စားလို႔မရတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ ပါသြားတဲ့ ေခါက္ဆြဲထုပ္စားရတာ။ဟိုလို ပိုက္ဆံမရွိလို႔ စားရတာမဟုတ္ဘူး။ပါသြားတဲ့ ေခါက္ဆြဲထုပ္စားရတာ။ဟိုတယ္စာ မွာစားေတာ့လည္း အဆင္မေျပဘူး။သူတို႔အစားအေသာက္ေတြက အဆင္မေျပတဲ့အခါက်ေတာ့ ရွိတဲ့ ေခါက္ဆြဲထုပ္စားၿပီးေတာ့ အဲ့ဒီလိုၿပိဳင္တာေျပာတာပါ" လို႔  ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္မယ္ သက္ထားသူဇာ ရဲ႕ ဖခင္ ၾကက္ေတာင္နည္းျပ ဦးထြန္းထြန္းေဇာ္ က ရွင္းျပပါတယ္။

ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာ ဟာ ကမာၻ႔ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ရဲ႕ ၾသဂုတ္လ ၂၇ ရက္ေန႔က ထုတ္ျပန္ထားတဲ့ အဆင့္သတ္မွတ္ခ်က္အရ ကမာၻ႔အဆင့္ ၇၂ ေနရာမွာ ရပ္တည္ေနပါတယ္။

ဒီလအတြင္းမွာပဲ ဂရိႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့  ဂရိအင္တာေနရွင္နယ္ ၾကက္ေတာင္ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအဆင့္ထိ တက္ေရာက္ႏိုင္ခဲ့ၿပီး ဒုတိယဆုရရွိခဲ့သလို  ၾသဂုတ္လ ၁၂ ရက္မွ ၁၅ ရက္ထိ ဘူလ္ေဂးရီးယားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့  ဘူလ္ေဂးရီးယား အင္တာေနရွင္နယ္ ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမွာလည္း သက္ထားသူဇာ ဟာ ကြာတားဖိုင္နယ္အဆင့္ထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ အပတ္ကထုတ္ျပန္ခဲ့တဲ့ ကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာ အဆင့္ ၇ဝ ထိ ျမင့္တက္ခဲ့ၿပီး ေနာက္ပိုင္းမွာ ဆက္လက္ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲေတြမရွိတဲ့အတြက္ ကမာၻ႔အဆင့္ ၇၂ ကို ျပန္က်ခဲ့တာပါ။ကမာၻ႔ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က အဆင့္သတ္မွတ္ခ်က္ေတြကို တစ္ပတ္တစ္ႀကိမ္ ထုတ္ျပန္ေပးေနတာျဖစ္ပါတယ္။အဲ့ဒီတစ္ပတ္အတြင္းကာလမွာ ၿပိဳင္ပြဲေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး ရမွတ္ေတြ စုေဆာင္းႏိုင္သူက ကမာၻ႔အဆင့္သတ္မွတ္ခ်က္ ျမင့္တက္လာမွာပါ။ကမာၻ႔ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က သတ္မွတ္ထားတဲ့ ၿပိဳင္ပြဲေတြကလည္း အပတ္စဥ္တိုင္းရွိေနတာ ျဖစ္ပါတယ္။

"ကြာလီဖိုင္ ဝင္ဖို႔အတြက္ကို အမ်ားႀကီးေမွ်ာ္လင့္ထားပါတယ္။အဲ့ဒီအတြက္ပဲ ႀကိဳးစားေနတာပါ။ကြၽန္ေတာ္ယုံၾကည္တယ္ သူ႔ကို။ျဖစ္ႏိုင္ေျခလည္း အမ်ားႀကီးရွိတယ္" လို႔ ဦးထြန္းထြန္းေဇာ္ မွ ေျပာပါတယ္။

သက္ထားသူဇာ ဟာ ၿပီးခဲ့တဲ့ ၂ဝ၁၈ ႏွစ္ကုန္ပိုင္းက အီဂ်စ္ အင္တာေနရွင္နယ္စီးရီး ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမွာ "ခ်န္ပီယံဆု" အပါအဝင္ နီေပါ အင္တာေနရွင္နယ္စီးရီး ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမွာ "ဒုတိယဆု" နဲ႔ ၂ဝ၁၉ ခုႏွစ္အတြင္း ကင္ညာ၊ ယူဂႏၶာ၊ ေမာရစ္သွ်၊ ဘီနင္၊ အိုင္ဗရီကို႔စ္ အင္တာေနရွင္နယ္စီးရီး ၿပိဳင္ပြဲတို႔မွာလည္း "ခ်န္ပီယံဆု" ေတြ ဆက္တိုက္ရယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။ဂရိ အင္တာေနရွင္နယ္စီးရီး ၿပိဳင္ပြဲမွာလည္း "ဒုတိယဆု" ရယူခဲ့ၿပီး လာမယ့္ စက္တင္ဘာလ ၁ဝ ရက္ကေန ၁၅ ရက္အထိ က်င္းပမယ့္ ျမန္မာ အင္တာေနရွင္နယ္စီးရီး ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။အဲ့ဒီေနာက္ ေမာ္လ္ဒိုက္၊ အီဂ်စ္၊ အိႏၵိယ ႏိုင္ငံတကာၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲေတြနဲ႔ ဒီဇင္ဘာလအတြင္း က်င္းပသြားမယ့္ ဖိလစ္ပိုင္ႏိုင္ငံ ဆီးဂိမ္းၿပိဳင္ပြဲေတြမွာ ဆက္လက္ဝင္ၿပိဳင္သြားမွာျဖစ္တယ္လို႔ သက္ထားသူဇာ ရဲ႕ ဖခင္ေျပာျပခ်က္အရ သိရပါတယ္။

"ေနာက္ႏွစ္ၿပိဳင္ပြဲေတြအတြက္ေတာ့ အစီအစဥ္မဆြဲရေသးဘူး။ဒီႏွစ္ထိေတာ့ ဆြဲၿပီးသြားၿပီ။ေနာက္ဆုံး ဆီးဂိမ္းထိေပါ့" လို႔ သက္ထားသူဇာ ရဲ႕ ဖခင္ျဖစ္သူ ၾကက္ေတာင္နည္းျပ ဦးထြန္းထြန္းေဇာ္ က ၿပိဳင္ပြဲေတြနဲ႔ ပတ္သက္ၿပီး ရွင္းျပပါတယ္။

အခုလို ႏိုင္ငံတကာၿပိဳင္ပြဲေတြကေန ဆုတံဆိပ္ေတြ ရယူႏိုင္ခဲ့တဲ့အတြက္ေၾကာင့္ ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာ ကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ၾသဂုတ္လ ၃ဝ ရက္ေန႔မွာ က်ပ္သိန္း ၂ဝဝ ဆုခ်ီးျမႇင့္ခဲ့ၿပီး သက္ထားသူဇာ ရဲ႕ ဖခင္ျဖစ္သူက လက္ခံယူခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၇ ရက္ေန႔ကလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က  သက္ထားသူဇာအတြက္ ေဒၚလာ ၅ဝဝဝ ေပးအပ္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ သက္ထားသူဇာ ဟာ အျပည္ျပည္ဆိုင္ရာ အိုလံပစ္ေကာ္မတီရဲ႕ အစီအစဥ္နဲ႔ပဲ ဒိန္းမတ္ႏိုင္ငံမွာ စခန္းသြင္းေလ့က်င့္မႈေတြ လုပ္ေနၿပီး စက္တင္ဘာလ ၆ ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ျပန္ေရာက္မွာ ျဖစ္ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ - ၃၁
ဓာတ္ပုံ - Thet Htar Thuzar (FB)