【ပြည်တွင်း】လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၃၈၀၀ကျော်ရရှိ

【ပြည်တွင်း】လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၃၈၀၀ကျော်ရရှိ 

ရန်ကုန်၊ ဧပြီ  ၂၀
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၃၈၀၀ ကျော် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။ 
၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ သန်း ၄၀၀၀ နီးပါး ရှိခဲ့သော် လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း  ၃၈၃၀ ကျော်သာ ရရှိခဲ့ခြင်းကြောင့် အရင်ဘဏ္ဍာနှစ် အလားတူကာလထက် ဒေါ်လာ ၁၆၇သန်းကျော် လျော့နည်းခဲ့ခြင်း ဖြစ်ပါတယ်။ 
 
ဘဏ္ဍာနှစ်အလိုက် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်းတင်ပို့မှုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်တွင် ကန်ဒေါ်လာ ၃၇၂၅ သန်းကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄၆၂၄ သန်းကျော်၊ ၂၀၂၁-၂၀၂၂ Mini Budget တွင် ဒေါ်လာ သန်း ၂၄၀၀  ကျော်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။  
 
ပြည်ပသို့ လယ်ယာထွက်ပစ္စည်းတင်ပို့ရာတွင် ပြည်တွင်းကထွက်ရှိသည့် ဆန်၊ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်းစသည့်ထွက်ကုန်များကို ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကပါ တင်ပို့ခဲ့ခြင်းဖြစ်တယ်လို့  သိရပါတယ်။
 
အောင်အောင်