【 ပြည်တွင်း 】 ကံပိုင်တည်နယ်စပ်မှ တစ်လအတွင်း ကုန်သွယ်မှု ဒေါ်လာ ၄၂ သန်းရှိ

【 ပြည်တွင်း 】 ကံပိုင်တည်နယ်စပ်မှ တစ်လအတွင်း ကုန်သွယ်မှု ဒေါ်လာ ၄၂ သန်းရှိ

ရန်ကုန်၊ ဧပြီ - ၇
 
ပြီးခဲ့တဲ့ မတ်လအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ကံပိုင်တည်နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၂ သန်းကျော်ရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။
 
မတ်လအတွင်းမှာ ကံပိုင်တည်နယ်စပ်မှတစ်ဆင့် တရုတ်ဘက်သို့ ပို့ကုန် တန်ဖိုး ၃၇ သန်းကျော် တင်ပို့ခဲ့ပြီး သွင်းကုန်အနေဖြင့် ဒေါ်လာ ၅ သန်းကျော်ဖိုး တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။
 
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် အဓိက ပို့ကုန်များအဖြစ် တစ်သျှူးငှက်ပျော၊ နှမ်း၊ ပဲမျိုးစုံနဲ့ သစ်သီးဝလံများကို တင်ပို့ခဲ့ခြင်းဖြစ်ပြီး သွင်းကုန်အနေဖြင့် သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe ၊ လိမ္မော်သီးနှင့် လူသုံးအဝတ် အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းနှင့် CMP အထည်ချုပ်ပစ္စည်းတို့ကိုလည်း တင်သွင်းခဲ့ကြောင်း သိရပါတယ်။
 
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန် ဒေါ်လာ သန်း ၂၀ နှင့် သွင်းကုန်ဒေါ်လာ ၂.၅၀ သန်းဖြစ်တယ်လို့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။
 
အောင်အောင်