【 ပြည်တွင်း 】 ကျိုက်ထိုတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

【 ပြည်တွင်း 】 ကျိုက်ထိုတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

ကျိုက်ထို၊ မတ် - ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ယနေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရတဲ့ ဖြစ်ရပ်တစ်ခု ကြုံတွေ့ရတယ်လို့ ဒေသခံတွေရဲ့ လူမှုကွန်ရက်မှာ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ကျိုက်ထိုမြို့ပေါ် ဘူတာလမ်းက “ကောင်း” ကွတ်တီယိုဆိုင်မှာ ဖြစ်ပွားခဲ့တာလို့ဆိုကြပြီး ဆိုင်ရှင်ဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးနေမင်းကြည်ဆိုသူကို အမည်မသိသူများက လာရောက်ပစ်ခတ်သွားတာလို့ ဆိုကြပါတယ်။

၎င်းဟာ ခရိုင်အဆင့် ထောက်လှမ်းရေးတပ်ဖွဲ့တစ်ဦးဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြကြပေမယ့် ဟုတ်၊ မဟုတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် ည ၉ နာရီဝန်းကျင်လောက်ကလည်း ရေနံချောင်းမြို့ကနေ နေအိမ်ရှိရာ အုတ်ရှစ်ကုန်းကျေးရွာသို့ ပြန်လာတဲ့ အုတ်ရှစ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ဝင်းနိုင် (အသက် ၄၉ နှစ်)၊ ထွေအုပ်စာရေး ဦးစန်းနိုင် (အသက် ၅၀ နှစ်) ဆိုသူတို့ နှစ်ဦးကို အုတ်ရှစ်ကုန်းကျေးရွာအနီး ဒေသအခေါ် ဖောင်းကွဲချောင်းထိပ်အရောက်မှာ သေနတ်နဲ့ ပစ်ခံရတာကြောင့် သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

စီစီ