【 ပြည်တွင်း 】 ခွင့်ပြုချက်မရှိဘဲ ဆေးကုသလို့ ထူးခန့်ကျော်ကို မြန်မာဆေးကောင်စီမှ သတိပေး

【 ပြည်တွင်း 】 ခွင့်ပြုချက်မရှိဘဲ ဆေးကုသလို့ ထူးခန့်ကျော်ကို မြန်မာဆေးကောင်စီမှ သတိပေး

ရန်ကုန်၊ မတ် - ၉
 
ထူးခန့်ကျော်အား ခွင့်ပြုချက်မရှိဘဲ ဆေးကုသခြင်းကို မြန်မာနိုင်ငံဆေးကောင်စီမှ သတိပေး တားမြစ်ထားကြောင်း မြန်မာနိုင်ငံဆေးကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေအရ မြန်မာနိုင်ငံအတွင်း၌ ဆေးကုသခွင့်ရှိသည့် မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပေးသော ဆရာဝန်မှတ်ပုံတင်လက်မှတ် (သို့မဟုတ်) ဆေးကုသခွင့်လိုင်စင်တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်းမရှိဘဲ ထူးခန့်ကျော်သည် အများပြည်သူတို့အား ဆေးကုသခြင်းများ ဆောင်ရွက်လျက်ရှိသောကြောင့် သတိပေးတားမြစ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
အဆိုပါထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ ထူးခန့်ကျော်အနေဖြင့် မြန်မာနိုင်ငံဆေးကောင်စီ၊ အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ၁၅-၃-၂၀၂၄ ရက်နေ့ထက် နောက်မကျစေဘဲ လူကိုယ်တိုင်လာရောက်ရန်နဲ့ မြန်မာနိုင်ငံဆေးကောင်စီရဲ့ ခွင့်ပြုချက်မရရှိဘဲ ဆေးကုသခြင်းအား ဆက် လက်ဆောင်ရွက်ပါက မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေပုဒ်မ ၅၄ နှင့် ၅၈ တို့အပြင် တည်ဆဲဥပဒေများအရပါ အရေးယူဆောင်ရွက်ခြင်းခံရမည်ဟုလည်း ယင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဇိုင်းဇိုင်း
Photo - ထူးခန့်ကျော် FB