【 ပြည်တွင်း 】 ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ အလွန်များပြားနေခြင်းကြောင့် ကြိုတင်ရက်ချိန်းယူခြင်းကို ခေတ္တရပ်နား

【 ပြည်တွင်း 】 ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ အလွန်များပြားနေခြင်းကြောင့် ကြိုတင်ရက်ချိန်းယူခြင်းကို ခေတ္တရပ်နား

ရန်ကုန်၊ မတ် - ၂
 
လက်ရှိကာလတွင် ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ အလွန်များပြားနေခြင်းကြောင့် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ထားပါတယ်။
 
ဗီဇာလျှောက်ထားသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏရပ်နားထားပြီး လတ်တလောတွင် အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိသောကြောင့် နားလည်ပေးနိုင်ရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
 
အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
 
အရင်လို တယ်လီဖုန်းဖြင့် ပြည်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်ကစ၍ မြန်မာနိုင်ငံကနေ ပြည်ပထွက်လိုသူများ ပိုမိုများပြားလျက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာလည်း ဗီဇာလျှောက်ထားသူအရေအတွက်ဟာ ယခင်ကထက် ပိုမိုများပြားလာကြောင်း ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။
 
လင်းလင်း