【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ခဲ့

【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ခဲ့

ရန်ကုန်၊ ဧပြီ - ၉

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရပါတယ်။

ပြည်တွင်းက ထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် တခြားသောအာရှနိုင်ငံများသို့လည်း တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံကနေ ရော်ဘာတင်ပို့ခဲ့တဲ့ ပြည်ပနိုင်ငံများအနက် တရုတ်နိုင်ငံကို ရော်ဘာတင်ပို့မှုက စုစုပေါင်းတင်ပို့မှုရဲ့ ၇၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းကနေ နှစ်စဉ် ရော်ဘာတန်ချိန် စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာလည်း ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် တိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်းလည်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရပါတယ်။

လင်းလင်း