【 ပြည်တွင်း 】 တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများပါ တင်သွင်းလျက်ရှိ

【 ပြည်တွင်း 】 တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများပါ တင်သွင်းလျက်ရှိ

ရန်ကုန်၊ မတ် - ၄

မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံထုတ်လုပ်သည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအပြင် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများပါ တင်သွင်းလျက်ရှိကြောင်း သိရပါတယ်။

လက်ရှိတွင် စျေးကွက်အတွင်း၌ တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ၊ လျှပ်စစ်သုံး သုံးဘီးဆိုင်ကယ်များနှင့် အပိုပစ္စည်းများကိုပါ တင်သွင်းရောင်းချနေခြင်းဖြစ်ပါတယ်။

လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များကို မန္တလေးအပါအဝင် နယ်မြို့များရှိ အရောင်းဆိုင်များတွင် အဓိကရောင်းချနေရကြောင်း သိရပါတယ်။

လက်ရှိတွင် ပြည်တွင်းသို့ တင်သွင်းနေသည့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်အမျိုးအစားများမှာ Kanbo ၊ AIMA ၊ YADEA စသည့် အမျိုးစားများပါဝင်ကြောင်း သိရပါတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလမှစတင်ကာ လျှပ်စစ်သုံးယာဉ်အမျိုးမျိုးကို တင်သွင်းနေခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာသော Kenbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် YADEA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ တင်သွင်းရောက်ရှိခဲ့တယ်လို့ သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက် တွေအရ သိရပါတယ်။

အောင်အောင်