【 ပြည်တွင်း 】 တရုတ်နိုင်ငံ တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲ ကျင်းပ
ရန်ကုန်၊ ဧပြီ - ၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တက်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရနှင့် တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းကျင်းပသည့် တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ M Gallery Hotel ဧရာဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားသို့ တက်ရောက်လာကြသူများအား တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီကုမ္ပဏီများဖြစ်ကြသည့် Hou Gu ကုမ္ပဏီလီမိတက်၊ Yun Cha Wu ကုမ္ပဏီလီမိတက်၊ Hei Rou ကုမ္ပဏီလီမိတက် နှင့် Yi Nuo Chun ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက ကုမ္ပဏီများအလိုက် ကော်ဖီများနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို မိတ်ဆက်ပြသခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် မိတ်ဆက်ပြပွဲတွင် တက်ဟုန်ကော်ဖီကုမ္ပဏီရှစ်ခုမှ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ အသင့်ဖျော်ကော်ဖီ၊ လက်ဖက်ခြောက်တို့ကို အဓိကပြသခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားသို့ မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ တရုတ်ကွန်မြူနစ်ပါတီ၊ တက်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ အတွင်းရေးမှူး မစ္စတာကျန်းစန်း၊ တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးနှင့် တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အောင်အောင်