【 ပြည်တွင်း 】 တာမွေတံတားအောက်မှာ တက္ကစီကားသမားတစ်ဦး အသတ်ခံရ

【 ပြည်တွင်း 】 တာမွေတံတားအောက်မှာ တက္ကစီကားသမားတစ်ဦး အသတ်ခံရ

ရန်ကုန်၊ ဧပြီ - ၂၅
 
တာမွေတံတားအောက် ရပ်ထားတဲ့ တက္ကစီကားမှာ ကားသမားတစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခု မနေ့ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
 
ဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေအဝိုင်း၊ တာမွေဂုံးတံတားအောက် ၁၆၄ လမ်း ထိပ်မှာ ဧပြီလ ၂၄ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က ဖြစ်ခဲ့တာဖြစ်ပါတယ်။
 
သေဆုံးသူမှာ ဘာကြောင့် ဓားဖြင့်ထိုးခံရတယ်၊ ဘယ်သူကထိုးတယ်ဆိုတာကို တိတိကျကျ မသိရသေးဘဲ သေဆုံးပြီးမှသာ သိရတယ်လို့ အနီးအနားနေသူတွေ ပြောကြားချက်အရ သိရပါတယ်။
 
“ဘယ်လိုဖြစ်တယ်ဆိုတာတော့ သေသေချာချာ မသိရသေးဘူး၊ ကားငှားစီးရင်းနဲ့ လုယက် ဓားထိုးခံရတာလား၊ ဒါမှမဟုတ် ရန်ဖြစ်စကားများပြီးပဲ ဓားနဲ့ထိုးခံရတာလား သေချာမသိဘူး၊ သေဆုံးသွားတဲ့သူကို ပရဟိတအသင်း လာသယ်မှ သိရတယ်” လို့ အနီးအနားနေသူတစ်ဦး ပြောကြားချက်အရ သိရပါတယ်။
 
ဒီနှစ်ပိုင်းတွေအတွင်း ပိုမိုများပြားလာနေတဲ့ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူ လူသတ်မှုတွေ ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးတွေအပါအဝင် နယ်မြို့တွေမှာပါ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေကြားမှာ မလုံခြုံမှုတွေလည်း ခံစားလာရပါတယ်။
 
နေနေ
Photo - CJ