【 ပြည်တွင်း 】 နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေလို့ ပြောင်းဈေးများ အကျဘက်မှာပဲ ဆက်ရှိ‌နေ

【 ပြည်တွင်း 】 နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေလို့ ပြောင်းဈေးများ အကျဘက်မှာပဲ ဆက်ရှိ‌နေ

ရန်ကုန်၊ ဧပြီ - ၁၄
 
တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်မှု မပြုလုပ်နိုင်ခြင်း ကြောင့် လက်ရှိပြောင်းစျေးကွက်အတွင်းမှာ စျေးနှုန်းများ အကျဘက်မှာ ဆက်ရှိနေကြောင်း ပြောင်းကုန်သည်များထံမှ သိရပါတယ်။
 
ပြည်တွင်းမှ ထွက်ရှိသည့် ပြောင်းသီးနှံကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အဓိကတင်ပို့နေခြင်းဖြစ်သော်လည်း လက်ရှိကာလတွင် အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ကုန်သွယ်မှုများ ရပ်တန့်နေခြင်းဖြစ်ပါတယ်။
 
ထို့ကြောင့် ယခုနှစ်အတွင်းမှာ ပြည်တွင်းက ထွက်ရှိတဲ့ ပြောင်းများ ပြည်ပတင်ပို့မူ လုံး၀ရပ်တန့်နေခြင်းဖြစ်ပြီး ပြောင်းဈေးကလည်းအရင်နှစ်ကထက်  သိသိသာသာကျဆင်းနေကြောင်း ပြောင်းစိုက်တောင်သူများက ပြောပါတယ်။
 
လက်ရှိ မန္တလေးစျေးကွက်အတွင်းမှာ ရှမ်းပြောင်း တစ်အိတ်ကို ၅ သောင်းအောက်သာ ရရှိပြီး၊ ဗမာ ပြောင်း တစ်အိတ်ကိုလည်းကျပ် ၄၈,၀၀၀ ကျပ်သာ ပေါက်စျေးရှိပြီး ဧပြီလဆန်းပိုင်းကစျေးထက် ထပ်ကျနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
အောင်အောင်