【 ပြည်တွင်း 】 ပုဇွန်တောင်မှာ နေအိမ်ထဲအထိဝင်ပြီး ပစ္စည်းလုယက်ကာ အိမ်ရှင်ကို ရိုက်နက်မှုဖြစ်သွား

【 ပြည်တွင်း 】 ပုဇွန်တောင်မှာ နေအိမ်ထဲအထိဝင်ပြီး ပစ္စည်းလုယက်ကာ အိမ်ရှင်ကို ရိုက်နက်မှုဖြစ်သွား

ရန်ကုန်၊ မတ် - ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှာ နေအိမ်ထဲအထိ ဝင်ရောက်ပြီး ပစ္စည်းလုယက်ခဲ့တဲ့အပြင် အိမ်ရှင်အမျိုးသမီးကိုပါ ရိုက်နက်သွားမှု ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မတ် ၁၁ ရက် နံနက်အစောပိုင်း ၇ နာရီခွဲခန့်က အမည်မသိ အမျိုးသားဟာ နေအိမ်အတွင်းဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးရဲ့ IPad ကို လုယူသွားတဲ့အပြင် လူကိုပါ ရိုက်သွားတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ Princess Ruby - ပတ္တမြားခင်ခင်က လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

“ရေကျော်လမ်းမအိမ်၊မနက် ၇ နာရီခွဲက ကျွန်မအိမ်ထဲဝင်ပီး IPad လုသွားပြီး လူကိုလည်း ရိုက်သွားတာမို့ ကျွန်မ IPad နဲ့ အဆက်အသွယ်ပြုလုပ်ထားသော၊ Telegram ၊ ViberMsg   မှငွေများချေးငှားခြင်း အရင်ကလည်း ကျွန်မ မလုပ်ခဲ့ပါရှင်။အခုပြုလုပ်လျှင်လည်း သူခိုးကပြုလုပ်မည်ဖြစ်ပါသောကြောင့် ကြိုတင်အသိပေးအပ်ပါသည်ရှင်” Princess Ruby - ပတ္တမြားခင်ခင်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အများစုမှာ ခိုးဆိုးလုယက်မှုတွေက တစ်နေ့တခြား ပိုမိုများလာ‌ပြီး သတိထားနေထိုင်ကြဖို့ လိုအပ်လာပြီလို့ ဝေဖန်ပြောဆို ရေးသားမှုတွေကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်နေပါတယ်။

နောင်နောင်