【 ပြည်တွင်း 】 ပြည်ပကနေ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ သန်း ၁၅,၀၀၀ ကျော် တင်သွင်းခဲ့

【 ပြည်တွင်း 】 ပြည်ပကနေ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ သန်း ၁၅,၀၀၀ ကျော် တင်သွင်းခဲ့

ရန်ကုန်၊ ဧပြီ - ၁၇
 
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်အတွင်းမှာ ပြည်ပကနေ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာသန်း ၁၄,၀၀၀ ကျော် တင်သွင်းခဲ့ကြောင်း သိရပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလကနေ မတ်လကုန်အထိ တစ်နှစ်အတွင်းမှာ နိုင်ငံပိုင်ကဏ္ဍကနေ ကန်ဒေါ်လာ ၉၂၅ သန်းကျော်ဖိုး တင်သွင်းခဲ့သလို ပုဂ္ဂလိကပိုင်းကဏ္ဍမှလည်း ကန်ဒေါ်လာ သန်း ၁၄,၅၀၀ ကျော်ဖိုး တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
 
သွင်းကုန်အုပ်စုအလိုက် တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှုမှာ ဒေါ်လာ ၃၁၆၂ သန်းကျော်၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုမှာ ဒေါ်လာ ၇၆၄၉ သန်းကျော်၊ လူသုံးကုန်ပစ္စည်း တင်သွင်းမှုမှာ ဒေါ်လာ သန်း ၂၄၀၀ ကျော်နှင့် CMP မှာ ဒေါ်လာ ၂၂၆၀ သန်းဖြင့် အသီးသီးတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
 
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းကလည်း ပြည်ပနိုင်ငံအသီးသီးကနေ သွင်းကုန်အုပ်စုအားလုံးရဲ့ စုစုပေါင်းတင်သွင်းမှု တန်ဖိုးဟာ ဒေါ်လာ ၁၇,၃၅၂ သန်းရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
 
လင်းလင်း