【 ပြည်တွင်း 】 မိုးယွန်းကြီးအင်းတွင် ကျက်စားနေသည့် ငှက်ကောင်ရေ သုံးသောင်းကျော်ရှိ

【 ပြည်တွင်း 】 မိုးယွန်းကြီးအင်းတွင် ကျက်စားနေသည့် ငှက်ကောင်ရေ သုံးသောင်းကျော်ရှိ

ပဲခူး၊ မတ် - ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းမှာရှိတဲ့  မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ကျက်စားနေသည့် ငှက်ကာင်ရေ သုံးသောင်းကျော်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကောက်ယူခဲ့သည့် စာရင်းအရ ငှက်မျိုးစိတ် ၁၂၃ မျိုး ငှက်ကောင်ရေ သုံးသောင်းကျော် ကျက်စားနေပြီဖြစ်ကြောင်း သိရပါတယ်။

ငှက်အမျိုးအစားများအနေဖြင့် ခရုတုပ်၊ စစ္စလီ၊ မြစ်တွေး၊ ကြိုးကြာ၊ ငှက်ကြား၊ ရေကြက်၊ ဒေါင်းလန်းခြေထောက် စတဲ့ ငှက်တွေဖြစ်ကြပြီး ယခင်နှစ် ဖေဖော်ဝါရီလကထက် အကောင်ရေပိုများတယ်လို့ ဆိုပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလ ကောက်ယူထားသည့် စာရင်းအရ ရေပျော်ဆောင်းခိုငှက် ၅၃ မျိုး၊ ဌာနေငှက် ၇၀ မျိုး၊ စုစုပေါင်း ငှက်မျိုးစိတ် ၁၂၃ မျိုးရှိပြီး ဆောင်းခိုငှက်များအနေဖြင့် ဧပြီလမှ စတင်ကာ ၎င်းတို့ရဲ့ ဌာနေသို့ ပြန်လည်ပျံသန်းကြလေ့ရှိကြောင်း သိရပါတယ်။

လင်းလင်း