【 ပြည်တွင်း 】 မြစ်ကြီးနားတွင် ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦး ဒန်းပေါ် ဆော့ကစားရင် ကြိုးနဲ့ လည်ပင်းငြိကာ သေဆုံး

【 ပြည်တွင်း 】 မြစ်ကြီးနားတွင် ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦး ဒန်းပေါ် ဆော့ကစားရင် ကြိုးနဲ့ လည်ပင်းငြိကာ သေဆုံး

ရန်ကုန်၊ ဧပြီ - ၁
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆယ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ဒန်းစီးရင်းနဲ့ မတော်တဆဖြစ်ကာ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ကြောင်း သိရပါတယ်။
 
ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်က မြစ်ကြီးနားမြို့၊ ကချင် စုရပ်ကွက်၊ တာရိုးကုန်းဘေးနားမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ ကလေးငယ်တစ်ဦး နိုင်လွန်ကြိုးနဲ့ ပြုလုပ်ထားတဲ့ ဒန်းပေါ်မှာ ဆော့ကစားရင်း ကြိုးနဲ့ လည်ပင်းငြိကာ သေဆုံးသွားခဲ့ကြောင်း မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
 
“သူတို့ ကျွန်တော်တို့ လူမှုကယ်ဆယ်ရေးအသင်းကို ဖုန်းဆက်လာတယ်၊ သူတို့ဖုန်းဆက်ပြီး ပြောတာကတော့ ကလေးက ဒန်းလုပ်ထားတဲ့ နိုင်လွန်ကြိုးနဲ့ လည်ပင်းမှာငြိပြီး သေဆုံးသွားခဲ့တာ” လို့ သူကပြောပါတယ်။
 
ဖြစ်ပွားခဲ့တဲ့နေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လူမှုကယ်ဆယ်ရေးအသင်းတွေ ရောက်လာချိန်မှာတော့ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အချိန်ထက် ၁၅ မိနစ်ကျော် ကြာမြင့်သွားပြီဖြစ်တဲ့ ကလေးကို ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့ ကုခဲ့ပေမယ့် အချိန်မမီခဲ့ဘူးလို့ သိရပါတယ်။
 
သေဆုံးသွားတဲ့ ကလေးဟာ ပူတာအိုခရိုင်၊ ဆွတ်ပရာဘွမ်မြို့ကနေ မြစ်ကြီးနား အဖိုး၊ အဖွား အိမ်မှာ ကျောင်းတက်ရင်း လာနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးပြောဆိုချက်အရ သိရပါတယ်။
 
“အဲဒီကလေးက ကျောင်းပြီးလို့ အိမ်ကိုပြန်ချင်နေပြီ၊ အိမ်ပြန်ဖို့ အဝတ်အစားတွေတောင် ထုပ်ပိုးပြီးနေပြီ၊ အခုလိုဖြစ်သွားတာကတော့ သူ့အဖွားက ဘေးအိမ်ကို ခဏလေးသွားလိုက်တဲ့အတွင်းမှာ ဖြစ်သွားတာလို့” ဒေသခံတစ်ဦး ပြောကြားချက်အရ သိရပါတယ်။
 
နေနေ