【 ပြည်တွင်း 】 မြစ်ကြီးနားလေဆိပ်ကို သက်ဆိုင်ရာက ယာယီပိတ်၊ ထိုနေရာတစ်ဝိုက် တိုက်ပွဲတွေဖြစ်နေဟု ဒေသခံတွေ ဆို

【 ပြည်တွင်း 】 မြစ်ကြီးနားလေဆိပ်ကို သက်ဆိုင်ရာက ယာယီပိတ်၊ ထိုနေရာတစ်ဝိုက် တိုက်ပွဲတွေဖြစ်နေဟု ဒေသခံတွေ ဆို

ရန်ကုန်၊ မတ် - ၉
 
တိုက်ပွဲတွေ မြစ်ကြီးနားတစ်ဝိုက် ဖြစ်နေတဲ့အတွက် ဒေသတစ်ခုလုံး သွားလာရာမှာ အခက်အခဲဖြစ်နေပြီး မြစ်ကြီးနားလေဆိပ်ကို ဒီနေ့က မတ်လ ၉ ရက် နေ့လယ်ခင်းကစပြီး ယာယီ  ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒီနေ့ မြစ်ကြီးနားလေဆိပ်ကနေ ပြေးဆွဲမယ့် လေကြောင်းကို ပြေးဆွဲဖို့ အချိန်စောင့်ဆိုင်းရင်း ရုတ်တရက် လေဆိပ်ကိုပိတ်လိုက်တာဖြစ်ကြောင်း သိရပြီး ခရီးစဉ်အားလုံး ပယ်ဖျက်လိုက်တာလို့ သိရပါတယ်။
 
“ဒီနေ့ သွားဖို့လာဖို့ လုပ်ထားတဲ့လူ ပြန်လာတယ်။လေဆိပ်ပိတ်လိုက်လို့ ပြန်လာတာ။မန္တလေးကို ဘယ်လိုဆင်းရမလဲမသိဘူး။မိသားစုကိစ္စရှိလို့ သူက ဒီကိုခဏလာတာ။အခုက ဒီမှာ သောင်တင်မလို ဖြစ်သွားပြီ။ဘယ်တော့ ပြန်ဖွင့်မလဲမသိဘူး” လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ ရေးထားတာကို တွေ့ရပါတယ်။
 
မြစ်ကြီးနားတစ်ဝိုက် တိုက်ပွဲတွေ ဖြစ်လာနေတာဖြစ်ပြီး မတ်လ ၇ ရက်ကစကာ KIA က လိုင်ဇာတစ်ဝိုက်ကနေ တစ်ပြိုင်နက်တိုက်ခိုက်မှုတွေ စတင်လာတာကြောင့် ဗန်းမော်ဘက်မှ မတ် ၇ ရက်ကတည်းက လေဆိပ်ပါ ပိတ်လိုက်တာလို့ သိရပါတယ်။
 
လင်းလင်း