【 ပြည်တွင်း 】 မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း Ms. Julie Bishop ကို ခန့်အပ်

【 ပြည်တွင်း 】 မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း Ms. Julie Bishop ကို ခန့်အပ်

ရန်ကုန်၊ ဧပြီ - ၆

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း Ms. Julie Bishop ကို ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံသူ Ms. Julie Bishop ကို ခန့်အပ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်ခဲ့သော စင်ကာပူနိုင်ငံသူ Noeleen Heyzer နေရာကို Ms.Julie Bishop က ဆက်ခံခြင်းဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း Ms. Julie Bishop သည် နိုင်ငံရေးသမားဖြစ်ပြီး  နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲမှုနှင့် အစိုးရခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများစွာရှိဖြစ်တယ်လို့ သိရပါတယ်။  သူဟာ သြစတြေးလျလွှတ်တော်မှာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပညာရေး၊ သိပ္ပံနဲ့ လေ့ကျင့်ရေးဆိုင်ရာ ကက်ဘိနက်ဝန်ကြီးတာဝန်အပြင် အမျိုးသမီးရေးရာဝန်ကြီးနဲ့ သက်ကြီးရေးရာဝန်ကြီး အဖြစ် သြစတြေးလျဝန်ကြီးချုပ်အတွက် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

Ms. Julie Bishop သည် လက်ရှိတွင်လည်း Australian National University ၏ အဓိပတိအဖြစ်လည်း တာဝန်ထမ်းဆောင်နေကြောင်း သိရပါတယ်။

လင်းလင်း