【 ပြည်တွင်း 】 မြန်မာနိုင်ငံမြောက်ပိုင်း သစ်ခွမျိုးစု ဇီဝမျိုးစုံမျိုးကွဲမှုနှင့် ကာကွယ်ထိန်းသိမ်းမှု စာအုပ်ကို တရားဝင်ပုံနှိပ်ထုတ်ဝေထား

【 ပြည်တွင်း 】 မြန်မာနိုင်ငံမြောက်ပိုင်း သစ်ခွမျိုးစု ဇီဝမျိုးစုံမျိုးကွဲမှုနှင့် ကာကွယ်ထိန်းသိမ်းမှု စာအုပ်ကို တရားဝင်ပုံနှိပ်ထုတ်ဝေထား

ရန်ကုန်၊ မတ် - ၃
 
မကြာသေးမီက ယူနန်သစ်တောနည်းပညာကောလိပ်မှ ပါမောက္ခ Mr. Liu Qiang နှင့် မြန်မာ ဖုန် ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ဦးမြင့်ဇော်တို့ ပူးတွဲရေးသားခဲ့သည့် “မြန်မာနိုင်ငံမြောက်ပိုင်း သစ်ခွမျိုးစု ဇီဝမျိုးစုံမျိုးကွဲမှုနှင့် ကာကွယ်ထိန်းသိမ်းမှု (Orchids Diversity and Conservation in Kachin State, Northern Myanmar) စာအုပ်ကို တရားဝင်ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
 
အဆိုပါစာအုပ်တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်းရှိ သစ်ခွမျိုးစုပေါင်း ၉၀ မျိုး၊ မျိုးစိတ်ပေါင်း ၃၀၆ မျိုးတို့ကို မှတ်တမ်းကောက်ယူထားပြီး လှပသော နေထိုင်ရာပတ်ဝန်းကျင်နှင့် မျိုးစိတ်ဓာတ်ပုံများပါဝင် ကြောင်း သိရပါတယ်။
 
စာအုပ်ထုတ်ဝေခြင်းကြောင့် ပြည်သူများအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် သစ်ခွမျိုးစုများ ဇီဝမျိုးစုံမျိုးကွဲမှုအပေါ် လေ့လာနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် အဆိုပါဒေသရှိ သစ်ခွမျိုးစုအပင်အရင်းအ မြစ်များအား ကာကွယ်ခြင်းနှင့် အသုံးပြုရန်အတွက် သဘောတရားဆိုင်ရာ ကိုးကားမှုထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
 
၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် ကာလအတွင်း  တရုတ်သိပ္ပံအကယ်ဒမီ အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေး သုတေသနစင်တာသည် မြန်မာနိုင်ငံ သစ်တောသုတေသနဌာနနှင့်အတူ မြန်မာမြောက်ပိုင်း ဇီဝမျိုးစုံမျိုးကွဲမှု အကြီးစားကွင်းဆင်း သိပ္ပံသုတေသနလေ့လာမှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၂၀၀ ကျော် ကြာမြင့် ခဲ့ရာ မြန်မာမြောက်ပိုင်း သစ်ခွမျိုးစုအသစ် ၁၁ မျိုးနှင့် မျိုးစိတ်အသစ် ၁၀၃ မျိုး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။
 
အောင်အောင်