【 ပြည်တွင်း 】 ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မှာမို့လို ရန်ကုန်မှာ ၈ ရက်ကြာ ဓာတ်အားလျှော့ချမည်

【 ပြည်တွင်း 】 ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မှာမို့လို ရန်ကုန်မှာ ၈ ရက်ကြာ ဓာတ်အားလျှော့ချမည်

ရန်ကုန်၊ ဧပြီ - ၁၀

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်စရာရှိတဲ့အတွက် ရန်ကုန်မြို့နယ်အချို့ကို ပို့လွှတ်နေတဲ့ လျှပ်စစ်ဓာတ်အား ၈ ရက်ကြာ လျော့နည်းနေမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့ထုတ်ပြန်ခဲ့ပါတယ်။

ထိုထုတ်ပြန်ချက်မှာ မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၀ ရက်မှ ၁၇ ရက်နေ့အထိ  ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှာမို့လို့ အဆိုပါသဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှု လျော့နည်းနေမယ် ဆိုပါတယ်။

ဒီလိုသဘာဝဓာတ်ငွေ့ လျော့နည်းနေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း အဆိုးရွားဆုံး ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်နေတဲ့အတွက် ဘယ်လောက်ထိ ဓာတ်အားထပ်ဖြတ်တောက်မလဲဆိုတာ မသိရသေးဘဲ ယခင်လို လျှပ်စစ်ဓာတ်အား အပြည့်အဝရဖို့ အခွင့်အလမ်းပိုနည်းလာနေပါတယ်။

လင်းလင်း