【 ပြည်တွင်း 】 ရန်ကုန်ရှိ ဘုရား ၁၀ ဆူတွင် တရုတ်နည်းပညာ စက်ကိရိယာတွေနဲ့ ဒစ်ဂျစ်တယ်လမ်းညွှန်များ တပ်ဆင်မည်

【 ပြည်တွင်း 】 ရန်ကုန်ရှိ ဘုရား ၁၀ ဆူတွင် တရုတ်နည်းပညာ စက်ကိရိယာတွေနဲ့ ဒစ်ဂျစ်တယ်လမ်းညွှန်များ တပ်ဆင်မည်

ရန်ကုန်၊ ဧပြီ - ၂၄

ရန်ကုန်တိုင်းအတွင်းရှိ လူသိများထင်ရှားသည့် ဘုရားစေတီ ၁၀ ဆူတွင် တရုတ်နည်းပညာ စက်ကိရိယာတွေနဲ့ ဒစ်ဂျစ်တယ်လမ်းညွှန်များ တပ်ဆင်မည်ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် သမိုင်းအချက်အလက်နဲ့ ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ နောက်ထပ်ဘုရား ၁၀ ဆူမှာလည်း ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Pagoda Digital Directory တပ်ဆင်တာကို တရုတ်နိုင်ငံ နည်းပညာ စက်ကိရိယာတွေနဲ့ ဆောင်ရွက်မည်ဖြစ်ကာ လုပ်ငန်းအစီအမံများကို အခုဧပြီလကနေ စတင်၍ ၃ လအတွင်း ပြီးစီးရေး စီမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဆက်လက်တပ်ဆင်သွားမယ့် စေတီနဲ့ ဘုရားတွေကတော့ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီ၊ ကျိုက္ကဆံစေတီ၊ ကမ္ဘာအေးစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ လောကချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက်ကလော့စေတီ၊ သန်လျင် ကျိုက်ခေါက်စေတီနဲ့ တွံတေး ရွှေဆံတော်စေတီတော်တို့ဖြစ်ကြောင်း သိရပါတယ်။

အောင်အောင်
ပုံစာ - ရွှေတိဂုံစေတီတော်ရှိ Pagoda Digital Directory ကို တွေ့ရစဉ်။