【 ပြည်တွင်း 】 ရန်ကုန်-မန်စီ-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များအား တစ်ပတ်လျှင် ၂ ကြိမ် ပျံသန်းပြေးဆွဲ

【 ပြည်တွင်း 】 ရန်ကုန်-မန်စီ-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များအား တစ်ပတ်လျှင် ၂ ကြိမ် ပျံသန်းပြေးဆွဲ

ရန်ကုန်၊ ဧပြီ - ၆

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ရန်ကုန်-မန်စီ-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များ (Cargo Flight) အား တစ်ပတ်လျှင် ၂ ကြိမ်နှုန်းဖြင့် စတင်တိုးချဲ့ ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါပြေးဆွဲမှုကို ဧပြီလ ၃ ရက်နေ့မှစတင်၍  Boeing 737-800 Freighter လေယာဉ်ဖြင့် ၁ ပတ်လျှင် ၂ ကြိမ်ဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်-မန်စီ-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ် စတင်ပျံသန်းပြေးဆွဲသည့် အခမ်းအနားကိုလည်း ဧပြီ ၃ ရက်နေ့က  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တယ်ဟုန် မန်စီအပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် အသီးသီးကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ Cargo ခရီးစဉ်တွင် ကုန်စည်များသာ တင်ပို့နိုင်မည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါနိုင်မည် မဟုတ်ဘူးလို့ သိရပါတယ်။

Boeing 737-800 Freighter လေယာဉ်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များဖြစ်သော ရန်ကုန်-ကူမင်း-ရန်ကုန်၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန်၊ ရန်ကုန်-စင်ကာပူ-ရန်ကုန် cargo ခရီးစဉ်များတွင်လည်း ပုံမှန်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်

Boeing 737-800 လေယာဉ်သည် တန်ချိန်အားဖြင့် (၂၂) တန်ခန့် သယ်ဆောင်နိုင်သည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော Dangerous Goods များလည်း ပို့ဆောင်နိုင်တယ်လို့ သိရပါတယ်။

အောင်အောင်
Photo - MNA