【 ပြည်တွင်း 】 လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၄ သိန်းကျော် တင်ပို့ထား

【 ပြည်တွင်း 】 လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၄ သိန်းကျော် တင်ပို့ထား

ရန်ကုန် ၊ မတ် - ၉

လက်ရှိဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် ၁၄ သိန်းကျော် တင်ပို့ခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၀၉၂.၀၈၈ သန်း တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၁,၂၉၀,၅၀၆.၅၁၂ တန်၊ နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁၂၂.၈၇၀ သန်း တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန်  ၁၄၁,၆၁၉.၄၆၉ တန် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် နည်းလမ်းနှစ်သွယ်ကနေ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၁,၄၃၂,၁၂၅.၉၈၁ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၁၄.၉၅၈ သန်း ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် စုစုပေါင်း ၁၉ သိန်းကျော် တင်ပို့ခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၄၇၀ ကျော် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။

ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာတွင် ကုန်သေတ္တာများဖြင့်သာ အဓိကထား တင်ပို့လေ့ရှိပြီး အိန္ဒိယနှင့် အခြားအာရှနိုင်ငံအချို့ကိုလည်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

လင်းလင်း