【 ပြည်တွင်း 】 လက်ရှိဘဏ္ဍာနှစ်အတွင်း လူသုံးကုန်ပစ္စည်း တင်သွင်းမှု ကာလတူထက် လျော့နည်း

【 ပြည်တွင်း 】 လက်ရှိဘဏ္ဍာနှစ်အတွင်း လူသုံးကုန်ပစ္စည်း တင်သွင်းမှု ကာလတူထက် လျော့နည်း

ရန်ကုန်၊ ဧပြီ - ၁

လက်ရှိဘဏ္ဍာနှစ် ၁၁ လခွဲကျော်ကာလအတွင်း ပြည်ပနိုင်ငံအသီးသီးကနေ လူသုံးကုန်ပစ္စည်း တင်သွင်းမှု တန်ဖိုး ဟာ အရင်နှစ်ကာလတူထက် လျော့နည်းခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီလမှ မတ်လ ၂၂ ရက်အထိ ၁၁ လခွဲကျော်ကာလအတွင်း လူသုံးကုန်ပစ္စည်း တင်သွင်းမှု တန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၂၈၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ် အလားတူကာလတွင် ကန်ဒေါ်လာ သန်း ၂၃၀၀ ကျော် တန်ဖိုးသာ တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

ထို့ကြောင့် ပြည်ပနိုင်ငံအသီးသီးကနေ လူသုံးကုန်ပစ္စည်း တင်သွင်းမှုဟာ အရင်နှစ် အလားတူကာလထက် ကန်ဒေါ်လာ သန်း ၅၀၀ နီးပါး လျော့နည်းခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လခွဲကျော်ကာလအတွင်း ပြည်ပနိုင်ငံအသီးသီးကနေ သွင်းကုန်အုပ်စုအလိုက် တင်သွင်းမှု တန်ဖိုးဟာလည်း ဒေါ်လာ ၁၅,၁၄၄.၀၄၆ သန်း တန်ဖိုးရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

လင်းလင်း