【 ပြည်တွင်း 】 လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၉ သိန်းနီးပါး တင်ပို့ခဲ့

【 ပြည်တွင်း 】 လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၉ သိန်းနီးပါး တင်ပို့ခဲ့

ရန်ကုန်၊ မတ် - ၁၁

လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၉ သိန်းနီးပါး တင်ပို့ခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁ လအတွင်း စုစုပေါင်း ပြောင်းတန်ချိန် ၈၉၁,၀၃၈ တန် တင်ပို့ခဲ့ပြီးသည့်အနက် ပြောင်းရာသီဖြစ်တဲ့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြောင်းတန်ချိန် ၃၆၅,၄၇၂ တန်ဖြင့် အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းနှင့် ကန်တန်ဆိပ်ကမ်းများသို့ ကုန်တန်ချိန် ၂၇၀၀-၃၀၀၀ ခန့် တင်ဆောင်နိုင်သော ပြည်တွင်းလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် သင်္ဘောငယ်များဖြင့်လည်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

ပြည်ပသို့ ပြောင်းတင်ပို့ရာတွင် အထွေထွေကုန်စည်တင် သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့မှု ၇၅ ရာခိုင်နှုန်း၊ ကုန်သေတ္တာဖြင့်တင်ပို့မှု ၂၅ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

လင်းလင်း