【 ပြည်တွင်း 】 လန်ချန်း-မဲခေါင်စီမံကိန်း RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ ကျင်းပ

【 ပြည်တွင်း 】 လန်ချန်း-မဲခေါင်စီမံကိန်း RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ မတ် - ၁

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဖော်ဆောင်သည့် “ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည်ဖော်ရေးအတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ရက်တွင် နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong တက်ရောက် အမှာစကားပြောကြားခဲ့တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သံမှူးကြီး Dr. Zheng Zhihong က RCEP သည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး၊ စီးပွားကုန်သွယ်မှုပမာဏအကြီးဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အလားအလာအရှိဆုံးဖြစ်သည့် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ ကူးလူးဖလှယ် အပြန်အလှန်လေ့လာသင်ယူမှုကို မြှင့်တင်ခြင်းသည် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံက ယခုအကြိမ်ဆွေးနွေးပွဲကျင်းပခြင်းသည် အထူးအကျိုးရှိကြောင်း၊ တရုတ်နိုင်ငံသည် RCEP အဖွဲ့ဝင်နိုင်ငံများတွင် အကြီးမားဆုံး စီးပွားရေးနိုင်ငံအနေဖြင့် တံခါးဖွင့်၍ ဖွံ့ဖြိုးတိုးတက်မှုအယူအဆကို အမြဲတစေကိုင်စွဲ၍ RCEP သဘောတူစာချုပ်အား အရည်အသွေးမြင့်မားစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲကို နေပြည်တော်တွင် ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပြောကြားခဲ့ကြသလို လန်ချန်း-မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်ပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အောင်အောင်
Photo - တရုတ်သံရုံး