【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက် ဒေါ်လာ ၁၂ ဒသမ ၁၈ သန်း ရရှိထား

【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက် ဒေါ်လာ ၁၂ ဒသမ ၁၈ သန်း ရရှိထား

ရန်ကုန်၊ မတ် - ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်း ၃၅ ခုကို ၂၀၁၇ ခုနှစ် မှစတင်၍ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈ သန်း ရရှိခဲ့ကြောင်း သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုထဲမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၉ သန်းဖြင့် ၂၀၂၃ ခုနှစ်အတွက် စီမံကိန်းလေးခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါစီမံကိန်းတစ်ခုချင်း၏ လုပ်ငန်းအကြောင်းအရာများနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တို့အကြား အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ် (SPS Protocol) များ လက်မှတ်ရေးထိုးထားရှိရာတွင် ဆန်၊ ပိုးအိမ်ခြောက်၊ ပြောင်းနှင့် ငှက်ပျောသီးနှံများ တင်ပို့ခြင်း၊ မွေးမြူရေးနှင့် သဘာဝမှ ဖမ်းဆီးရရှိသည့်ရေထွက်ပစ္စည်းတင်ပို့ခြင်း၊ တရုတ်နိုင်ငံသို့ ကျွဲ၊ နွား အရှင်တင်ပို့ရေးနှင့် သက်ဆိုင်သော သဘောတူညီမှုတို့ပါဝင်ကြောင်း သိရပါတယ်။

အလားတူ အခြားပို့ကုန်များအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

အောင်အောင်