【 ပြည်တွင်း 】 လာမယ့်ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခွဲခန့် တင်ပို့မည်

【 ပြည်တွင်း 】 လာမယ့်ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခွဲခန့် တင်ပို့မည်

ရန်ကုန်၊ မတ် - ၁၀
 
အိမ်နီးချင်း တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေရတဲ့ ရော်ဘာကို လာမယ့်ဘဏ္ဍာနှစ်မှာ တန်ချိန် ၃ သိန်းခွဲခန့်အထိ တိုးမြှင့်တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရပါတယ်။
 
ပြည်တွင်းက ထွက်ရှိတဲ့ ရော်ဘာတွေကို ပြည်ပသို့ တင်ပို့မှုတွေထဲမှာတော့ တရုတ်နိုင်ငံကို ၇၅ ရာခိုင်နှုန်းလောက် တင်ပို့နေရခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပကို ရော်ဘာတန်ချိန် တစ်သိန်းခွဲကျော်အထိ တင်ပို့ထားနိုင်ပြီး လာမယ့် ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၃ သိန်းခွဲခန့်အထိ တိုးမြှင့်တင်ပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
 
ရော်ဘာကို ပြည်ပတင်ပို့ရာတွင် တရုတ်နိုင်ငံအပြင် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယနဲ့ ဗီယက်နမ် စတဲ့ အာရှနိုင်ငံတွေကိုလည်း ပုံမှန်ကုန်သွယ်မှုနဲ့ နယ်စပ်ကုန်သွယ်မှုတွေနဲ့ တင်ပို့နေကြောင်း သိရပါတယ်။
 
လက်ရှိတွင် ပြည်တွင်းမှာ အရည်အသွေးပြည့်မီတဲ့ ရော်ဘာတွေထုတ်လုပ်၍ ပြည်ပကို တိုးမြှင့်တင်ပို့နိုင်ဖို့အတွက် နိုင်ငံအတွင်းရှိ ရော်ဘာလုပ်ငန်းရှင်တွေကို ချေးငွေတွေ ထုတ်ချေးပေးနေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားတယ်လို့လည်း သိရပါတယ်။
 
မြန်မာနိုင်ငံအတွင်းရှိ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ရော်ဘာကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ဧကပေါင်း တစ်သန်းကျော်ရှိကာ နှစ်စဉ် ရော်ဘာတန်ချိန် လေးသိန်းနီးပါးလောက် ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။
 
အောင်အောင်