【 ပြည်တွင်း 】 လျှပ်စစ်သုံးယာဉ် တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းတစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု

【 ပြည်တွင်း 】 လျှပ်စစ်သုံးယာဉ် တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းတစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု

ရန်ကုန်၊ ဧပြီ - ၇
 
မြန်မာနိုင်ငံအတွင်းမှာ လျှပ်စစ်သုံးယာဉ် တပ် ဆင်ထုတ်လုပ်မည့် လုပ်ငန်းတစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ကြောင်း ဧပြီ ၃ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
 
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်ခြောက်ခုကို ခွင့်ပြု ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
 
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၉၁၁ သန်းနှင့် ငွေကျပ် ၈၄၅,၅၀၀ ဒသမ ၈၇၆ သန်း ဖြစ်တယ်လို့ သိရပါတယ်။
 
ယခု ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် လျှပ်စစ်သုံးယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ခရီးသွားကဏ္ဍ တိုးမြှင့်စေမည့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်လာခြင်းဖြစ်ပါတယ်။
 
၂၀၂၄ ခုနှစ် မတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်တယ်လို့ သိရပါတယ်။
 
လင်းလင်း