【 ပြည်တွင်း 】 သင်္ကြန်အကြိုကာလ အတာအိုးများ အရောင်းသွက်

【 ပြည်တွင်း 】 သင်္ကြန်အကြိုကာလ အတာအိုးများ အရောင်းသွက်

နေပြည်တော်၊ ဧပြီ - ၁၀

မြန်မာ့ရိုးရာ သင်္ကြန်ကာလမတိုင်မီ နေပြည်တော် သင်္ကြန်အကြို ဈေးကွက်တွင် အတာအိုးလေးတွေ အရောင်းသွက်နေတယ်လို့ စျေးသည်များထံမှ သိရပါတယ်။

“အတာအိုးဆိုတာက မြန်မာ့ရိုးရာဓလေ့တစ်ခု မြန်မာဗုဒ္ဓဘာသာဝင် အိမ်တိုင်းဝယ်ကြတယ်။အိမ်တိုင်း မဝယ်မဖြစ် ဝယ်ကြရတာဆိုတော့ သင်္ကြန်ဈေးကွက်မှာ အရောင်းသွက်တဲ့အထဲ ပါတာပေါ့၊ သင်္ကြန်မတိုင်ခင် တစ်ပတ်အကြိုထဲက ရောင်းနေရတာ၊ သူက သင်္ကြန်အတာအိုးအတွက်တင်မကဘူး ၊ နောက် ကဆုန်ညောင်ရေသွန်းပွဲအတွက်ပါ ရောင်းရတာပေါ့” လို့ နေပြည်တော်ရှိ အတာအိုးရောင်းသူတစ်ဦးက ပြောပါတယ်။

ယင်းအတာအိုးများကို သင်္ကြန်ဈေးကွက်မီရန်အတွက် နှစ်လလောက်ကြိုပြီး အိုးရိုက်၊ အိုးဖုတ်ခြင်းများ ပြုလုပ်ဆောင်ရွက်ထားရကြောင်း သိရပါတယ်။

ယခင်နှစ်များက အတာအိုးများကို အလုံးအရွယ်အစားလိုက် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ကြား ရောင်းချခဲ့ကြသော်လည်း ယခုနှစ်တွင်မူ ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရောင်းချကြောင်း သိရပါတယ်။

လင်းလင်း