【 ပြည်တွင်း 】 အိမ်ခြေမဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံး

【 ပြည်တွင်း 】 အိမ်ခြေမဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ ဧပြီ - ၂၇

မြန်မာပလာဇာရှေ့မှာ အိမ်ခြေမဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခဲ့ရပြီး ပွဲချင်းပြီး သေဆုံးခဲ့တဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှေ့မှာ ဧပြီလ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်လောက်က အိမ်ခြေမဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ဒါ့အပြင် တိုက်လိုက်တဲ့ ကားမှာ မောင်နှင်ထွက်ပြေးသွားခဲ့တယ်လို့ ရွှေရုပ်လွှာပရဟိတလူမှုကူညီရေးအသင်းက သိရပါတယ်။

အခုလို ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသူ အမျိုးသမီးမှာ အသက် ၄၇ နှစ်အရွယ်ဝန်း ကျင်ရှိပြီး ထိခိုက်ဒဏ်ရာတွေ ပြင်းထန်တဲ့အတွက် အခင်းဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူဟာ တစ်ဖက် ဆန့်ကျင်ဘက်ယာဉ်ကြောဖြစ်တဲ့ ကန်ဘောင်ဘက်အခြမ်းကနေ တိုက်မိတာ ပလာဇာအရှေ့ဘက်ခြမ်းအထိ လွင့်ကျလာတာဖြစ်တယ်လို့ ဖြစ်စဉ်ကို တွေ့ရှိတဲ့သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

“အမျိုးသမီးက ထိခိုက်ဒဏ်ရာ တော်တော်ပြင်းတယ်၊ ခါးရိုးကျိုးတယ်၊ မျက်နှာလည်းထိသွားတယ်၊ သေဆုံးသွားတဲ့ အမျိုးသမီးရုပ်အလောင်းကိုတော့ ရွှေရုပ်လွှာပရဟိတအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တာဖြစ်တယ်” လို့ ရွှေရုပ်လွှာပရဟိတလူမှုကူညီရေးအသင်းက သိရပါတယ်။

တိုက်ပြေးသွားတဲ့ ယာဉ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နေနေ  
ဓာတ်ပုံ - ရွှေရုပ်လွှာပရဟိတလူမှု ကူညီရေး အသင်း