【 ပြည်တွင်း 】 ၁၀ လအတွင်း တရုတ်-မြန်မာ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၆၀၀၀ ကျော်ရှိ

【 ပြည်တွင်း 】 ၁၀ လအတွင်း တရုတ်-မြန်မာ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၆၀၀၀ ကျော်ရှိ

ရန်ကုန်၊ မတ် - ၁၁

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ကျော်ရှိကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိကာလအတွင်း မြန်မာဘက်က ပို့ကုန်ကန်ဒေါ်လာ ၂၅၂၉.၂၆၉ သန်း တန်ဖိုး တင်ပို့ထားပြီး သွင်းကုန်အနေဖြင့် ကန်ဒေါ်လာ ၄၂၇၃.၉၆၆ သန်း တန်ဖိုး တင်သွင်းခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၆၈၀၃.၂၃၆ သန်းရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကပါ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ် ၁၁ လအတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ကုန်သွယ်မှုတွင်လည်း ပို့ကုန် ဒေါ်လာ ၁၉၇၂.၃၅၈ သန်းနဲ့ သွင်းကုန်ဒေါ်လာ ၁၀၈၃.၀၈၉ သန်းဖြင့် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃၀၅၅.၄၄၇ သန်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်းကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ သန်း ၉၂၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

အောင်အောင်