【 ပြည်တွင်း 】 ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၇၇၀၀ ကျော်ရှိခဲ့

【 ပြည်တွင်း 】 ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၇၇၀၀ ကျော်ရှိခဲ့

ရန်ကုန်၊ ဧပြီ - ၁၉
 
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးမှ ကန်ဒေါ်လာ သန်း ၇၇၀၀ ကျော်ဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးကနေ ပို့ကုန် ဒေါ်လာသန်း ၅၃၀၀ ကျော်တန်ဖိုး တင်ပို့ခဲ့ပြီးသွင်းကုန်အနေဖြင့် ဒေါ်လာသန်း ၂၄၀၀ ကျော်ဖိုး တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံအနေနဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို စသည့် နိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
 
အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးရဲ့ ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုတန်ဖိုးများမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၇၅၂ သန်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၈၆၀၀ နီးပါးရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
 
မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုအများဆုံးပြုလုပ်နေသည့် နိုင်ငံများမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်တယ်လို့ သိရပါတယ်။
 
လင်းလင်း