【 ပြည်တွင်း 】 Myanmar CDC တည်ဆောက်မှုလုပ်ငန်းများ ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး မကြာမီဖွင့်လှစ်နိုင်မည်

【 ပြည်တွင်း 】 Myanmar CDC တည်ဆောက်မှုလုပ်ငန်းများ ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး မကြာမီဖွင့်လှစ်နိုင်မည်

ရန်ကုန်၊ မတ် - ၈

တရုတ်နိုင်ငံရဲ့ အကူအညီဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ အကောင်ထည်ဖော် တည်ဆောက်နေသည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center - Myanmar CDC) တည်ဆောက်ရေး စီမံကိန်းမှာ ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ မကြာမီဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ယခုတည်ဆောက်လျက်ရှိသည့် Myanmar CDC သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၂၁ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။

ယင်းစီမံကိန်းတွင် ဇီဝလုံခြုံမှုအဆင့် - ၃ (Biosafety Level 3) အထိရှိသော ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးစနစ်များပါရှိသော (၃) ထပ် ရောဂါကာကွယ်ထိန်းချုပ်ရေး အဆောက်အဦ၊ သင်တန်းသား/သူ (၂၀၀) ဦးခန့် ထားရှိ၍ လေ့ကျင့်သင်ကြားပေးနိုင်မည့် (၃) ထပ် ကျန်းမာရေးသင်တန်းကျောင်း အဆောက်အဦနှင့် (၂) ထပ် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦတို့ ပါရှိမည်ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား ပြည်တွင်းတွင်လည်းကောင်း၊ ပြည်ပအတွေ့အကြုံ ရရှိနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်၍လည်းကောင်း လေ့ကျင့်သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အောင်အောင်