【 ပြည်တွင်း 】 YESC Thingangyun က မနက်ပိုင်း လျှပ်စစ်မီး ၃ ရက်ဆက်တိုက် ပြတ်တောက်မည်ဟုဆို

【 ပြည်တွင်း 】 YESC Thingangyun က မနက်ပိုင်း လျှပ်စစ်မီး ၃ ရက်ဆက်တိုက် ပြတ်တောက်မည်ဟုဆို

ရန်ကုန်၊ ဧပြီ - ၆
 
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ယန်းကျွန်းမြို့နယ်မှာ မနက်ပိုင်း လျှပ်စစ်မီး ၃ ရက်ဆက်တိုက် ပြတ်တောက်မယ်လို့ YESC Thingangyun က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။
 
33KV သင်္ကန်းကျွန်း ကြီးပွားရေးမြောက်ခွဲရုံကို ဓာတ်အားပေးထားတဲ့ ဓာတ်အားလိုင်း ငမိုးရိပ်ချောင်းကျော်ပြီး လိုင်းကြိုးဆွဲခြင်းလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်လို့ ဧပြီလ ၆ ရက်ကနေ ၈ ရက်နေ့အထိ မနက် ၉ နာရီကနေ နေ့လယ် ၃ နာရီအတွင်း လျှပ်စစ်မီးဖြတ်တောက်ထားတာလို့ YESC Thingangyun က ယမန်နေ့က ထုတ်ပြန် ထားပါတယ်။
 
အယ်နီညိုအပူလှိုင်း ဖြတ်သန်းနေချိန် အခုလို လျှပ်စစ်မီး မကြာခဏပြတ်တောက်နေတာတွေကြောင့် အပူဒဏ် ပိုမိုခံစားနေရသလို နေ့စဉ်လူနေမှု လုပ်ငန်းဆောင်တာတွေမှာလည်း အခက်ကြုံရတာတွေရှိလာနေတယ်လို့ ရန်ကုန်မြို့ရှိ ဒေသခံ အချို့ထံမှ သိရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အများစုမှာ မကြာခဏ နေ့ညမရွေး လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိနေပြီး လျှပ်စစ်မီးမရရှိသဖြင့် ရေမောင်းနှင်ဖို့ပါ အခက်အခဲများကြုံနေရတယ်လို့ ရန်ကုန်မြို့ရှိ ဒေသခံတွေက ဆိုပါတယ်။
 
ဇိုင်းဇိုင်း
Photo - YESC Thingangyun