Cryptocurrency အပါအဝင် Digital Currency များ ရောင်းဝယ် လုပ်ကိုင်သူများ ဆုံးရှုံးနိုင်ချေရှိ ဟု ဗဟိုဘဏ် ထုတ်ပြန်

 
Cryptocurrency အပါအဝင် Digital Currency များ ရောင်းဝယ် လုပ်ကိုင်သူများ ဆုံးရှုံးနိုင်ချေရှိ ဟု ဗဟိုဘဏ် ထုတ်ပြန်

Cryptocurrency အပါအဝင် Digital Currency များနဲ့ပတ်သက်လို့ အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ၊ လူကိုယ်တိုင် ရောင်းဝယ်လဲလှယ်မှုတွေအနေနဲ့ ဆုံးရှုံးနိုင်မယ့်အခြေအနေမျိုးရှိတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ (မေ ၃ရက်)မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ပြည်တွင်းသုံးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀(င)နဲ့ ၆၂ တို့အရ တစ်ဦးတည်းထုတ်ဝေသူနဲ့ စီမံခန့်ခွဲသူအဖြစ် အခွင့်အာဏာရထားတာကြောင့် ယခုလို ထုတ်ပြန် အသိပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ Cryptocurrency အပါအဝင် Digital Currency များကို မြန်မာနိုင်ငံတော ်ဗဟိုဘဏ်အနေနဲ့ တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားတာမျိုးမရှိသလို ၎င်းငွေကြေးတွေ ကို ရောင်းဝယ်တာတွေ၊ လဲလှယ်တာတွေ လုပ်ဆောင်ဖို့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေကို ခွင့်ပြုတာ မျိုးလည်း မရှိတာကြောင့် ရောင်းဝယ် လဲလှယ် သုံးစွဲသူတွေဘက်က ဆုံးရှုံးနိုင်မယ့် အခြေအနေတွေ အတွက် အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Digital Currency များဖြစ်တဲ့ Cryptocurrency : Bitcoin (BTC), Litecoin (LTC), Ethereum (ETH), Perfect Money (PM) စတာတွေကို ဖေ့ဘွတ်အကောင့်တွေ၊ ဝက်ဘ်စာမျက်နှာတွေကနေတစ်ဆင့် ရောင်းဝယ်တာတွေ၊ လဲလှယ်တာတွေကို ဝန်ဆောင်နေတဲ့ လုပ်ငန်းတွေဟာ ယခုနောက်ပိုင်း များပြားလာခဲ့တယ်လို့ သိရပါတယ်။ ထိုလုပ်ငန်းတွေဟာ တရားဝင်ခွင့်ပြုထားတာမျိုး မရှိတာကြောင့် အသုံးပြု လုပ်ကိုင်နေသူတွေ အဖို့ မလိုလားအပ်သော ဆုံးရှုံးမှုအခြေအနေတွေကို ကြုံလာနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

Cryptocurrency ဟာ ရွှေ (သို့ မဟုတ်)အခြားအရာတစ်ခုခုကို ကျောထောက် နောက်ခံထားပြီး ရိုက်နှိပ် ထုတ်ဝေတဲ့ ငွေကြေးမျိုးမဟုတ်ဘဲ သင်္ချာနည်းပညာ(Mathematical Algorithm)နဲ့ လျှို့ဝှက်သင်္ကေတ သတ်မှတ်ခြင်း နည်းပညာ(Cryptography)တွေ အပေါ် အခြေခံ ထုတ်ဝေထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေး (Digital Currency) ဖြစ်ပါတယ်။ Cryptocurrencyအသုံးပြုတာတွေရဲ့ အားနည်းချက်အနေနဲ့ တရားဝင်အသိ အမှတ်ပြုထားတဲ့ငွေကြေးမဟုတ်တာကြောင့် ပေါ်ပေါက်လာတဲ့ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေဆိုင်ရာ အာမခံချက်မရှိတာတွေ၊ သုံးစွဲမှု၊ ဈေးကစားမှု မြင့်တက်လာနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အတွက် ဆုံးရှုံးနိုင်ခြေ မြင့်မားတာတွေ၊ Cryptocurrency ဖြစ်တဲ့ အတွက် Hackers များက အချိန်မရွေး နှောင့်ယှက်ခိုးယူနိုင်တာကြောင့် လုံခြုံစိတ်ချရမှုမရှိတာတွေ၊ ငွေကြေးခဝါချမှု (Money Laundering)တွေ၊ အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့တာတွေ (Terrorist Financing)၊ အခွန်ရှောင်ရှား တာတွေ (Tax Evasion)နဲ့ လိမ်လည်မှုကျူးလွန်တာတွေ (Fraud)များလည်း ပေါ်ပေါက်နိုင်တယ်လို့ ငွေကြေးဆိုင်ရာ ပညာရှင်တွေက သုံးသပ်ထားကြ ပါသေးတယ်။ အဲ့ဒီလိုလုပ်ကိုင်နေတဲ့ Cryptocurrency တွေများစွာရှိတဲ့ အထဲက Bitcoin ဟာ အသုံးပြုသူ အများဆုံးသော အခြေအနေ မျိုးလည်း ဖြစ်တယ်လို့ သိရပါတယ်။     

ဇွဲမာန်
ရန်ကုန်၊ မေ ၃

(  Zawgyi  )

 Cryptocurrency အပါအဝင္ Digital Currency မ်ားနဲ႔ပတ္သက္လို႔ အြန္လိုင္းမွတစ္ဆင့္ျဖစ္ေစ၊ လူကိုယ္တိုင္ ေရာင္းဝယ္လဲလွယ္မႈေတြအေနနဲ႔ ဆုံးရႈံးႏိုင္မယ့္အေျခအေနမ်ိဳးရွိတယ္လို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယေန႔ (ေမ ၃ရက္)မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဟာ ျပည္တြင္းသုံးေငြကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒပုဒ္မ ၄၀(င)နဲ႔ ၆၂ တို႔အရ တစ္ဦးတည္းထုတ္ေဝသူနဲ႔ စီမံခန႔္ခြဲသူအျဖစ္ အခြင့္အာဏာရထားတာေၾကာင့္ ယခုလို ထုတ္ျပန္ အသိေပးတာ ျဖစ္တယ္လို႔ သိရပါတယ္။ Cryptocurrency အပါအဝင္ Digital Currency မ်ားကို ျမန္မာႏိုင္ငံေတာ ္ဗဟိုဘဏ္အေနနဲ႔ တရားဝင္ေငြေၾကးအျဖစ္ သတ္မွတ္ထားတာမ်ိဳးမရွိသလို ၎ေငြေၾကးေတြ ကို ေရာင္းဝယ္တာေတြ၊ လဲလွယ္တာေတြ လုပ္ေဆာင္ဖို႔ ေငြေၾကးဆိုင္ရာအဖြဲ႕အစည္းေတြကို ခြင့္ျပဳတာ မ်ိဳးလည္း မရွိတာေၾကာင့္ ေရာင္းဝယ္ လဲလွယ္ သုံးစြဲသူေတြဘက္က ဆုံးရႈံးႏိုင္မယ့္ အေျခအေနေတြ အတြက္ အသိေပးထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

Digital Currency မ်ားျဖစ္တဲ့ Cryptocurrency : Bitcoin (BTC), Litecoin (LTC), Ethereum (ETH), Perfect Money (PM) စတာေတြကို ေဖ့ဘြတ္အေကာင့္ေတြ၊ ဝက္ဘ္စာမ်က္ႏွာေတြကေနတစ္ဆင့္ ေရာင္းဝယ္တာေတြ၊ လဲလွယ္တာေတြကို ဝန္ေဆာင္ေနတဲ့ လုပ္ငန္းေတြဟာ ယခုေနာက္ပိုင္း မ်ားျပားလာခဲ့တယ္လို႔ သိရပါတယ္။ ထိုလုပ္ငန္းေတြဟာ တရားဝင္ခြင့္ျပဳထားတာမ်ိဳး မရွိတာေၾကာင့္ အသုံးျပဳ လုပ္ကိုင္ေနသူေတြ အဖို႔ မလိုလားအပ္ေသာ ဆုံးရႈံးမႈအေျခအေနေတြကို ႀကဳံလာႏိုင္တာျဖစ္တယ္လို႔ သိရပါတယ္။

Cryptocurrency ဟာ ေ႐ႊ (သို႔ မဟုတ္)အျခားအရာတစ္ခုခုကို ေက်ာေထာက္ ေနာက္ခံထားၿပီး ႐ိုက္ႏွိပ္ ထုတ္ေဝတဲ့ ေငြေၾကးမ်ိဳးမဟုတ္ဘဲ သခ်ၤာနည္းပညာ(Mathematical Algorithm)နဲ႔ လွ်ိဳ႕ဝွက္သေကၤတ သတ္မွတ္ျခင္း နည္းပညာ(Cryptography)ေတြ အေပၚ အေျခခံ ထုတ္ေဝထားတဲ့ ဒစ္ဂ်စ္တယ္ေငြေၾကး (Digital Currency) ျဖစ္ပါတယ္။ Cryptocurrencyအသုံးျပဳတာေတြရဲ႕ အားနည္းခ်က္အေနနဲ႔ တရားဝင္အသိ အမွတ္ျပဳထားတဲ့ေငြေၾကးမဟုတ္တာေၾကာင့္ ေပၚေပါက္လာတဲ့ဆုံးရႈံးမႈေတြကို အကာအကြယ္ေပးႏိုင္မယ့္ ဥပေဒဆိုင္ရာ အာမခံခ်က္မရွိတာေတြ၊ သုံးစြဲမႈ၊ ေဈးကစားမႈ ျမင့္တက္လာႏိုင္တာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူေတြ အတြက္ ဆုံးရႈံးႏိုင္ေျခ ျမင့္မားတာေတြ၊ Cryptocurrency ျဖစ္တဲ့ အတြက္ Hackers မ်ားက အခ်ိန္မေ႐ြး ေႏွာင့္ယွက္ခိုးယူႏိုင္တာေၾကာင့္ လုံၿခဳံစိတ္ခ်ရမႈမရွိတာေတြ၊ ေငြေၾကးခဝါခ်မႈ (Money Laundering)ေတြ၊ အၾကမ္းဖက္သမားမ်ားအား ေငြေၾကးေထာက္ပံ့တာေတြ (Terrorist Financing)၊ အခြန္ေရွာင္ရွား တာေတြ (Tax Evasion)နဲ႔ လိမ္လည္မႈက်ဴးလြန္တာေတြ (Fraud)မ်ားလည္း ေပၚေပါက္ႏိုင္တယ္လို႔ ေငြေၾကးဆိုင္ရာ ပညာရွင္ေတြက သုံးသပ္ထားၾက ပါေသးတယ္။ အဲ့ဒီလိုလုပ္ကိုင္ေနတဲ့ Cryptocurrency ေတြမ်ားစြာရွိတဲ့ အထဲက Bitcoin ဟာ အသုံးျပဳသူ အမ်ားဆုံးေသာ အေျခအေန မ်ိဳးလည္း ျဖစ္တယ္လို႔ သိရပါတယ္။     

ဇြဲမာန္
ရန္ကုန္၊ ေမ ၃