Information အတွက် Page ထောင်ထားပေမယ့် respond ပြန်လုပ်ဖို့အချိန်မပေးနိုင်ကြောင်း ရန်ကုန်မြို့တော် ဝန်ပြောကြား

Information အတွက် Page ထောင်ထားပေမယ့် respond ပြန်လုပ်ဖို့အချိန်မပေးနိုင်ကြောင်း ရန်ကုန်မြို့တော် ဝန်ပြောကြား

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးဟာ လူမှုကွန်ရက်မှာစာမျက်နှာတစ်ခု ဖန်တီးလုပ်ဆောင်ထားပေမယ့် respond ပြန်လုပ်ဖို့တော့ အချိန်မပေးနိုင်ကြောင်း သြဂုတ် ၁၉ ရက် ညနေက သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

“ကြည့်ချင်လွန်းလို့ကို Page ထောင်ထားတာ Information လောက်ပဲရှိတယ်၊ အကုန်ကြည့်တယ်၊ comment တွေ ဖတ်တယ်၊ တစ်ချို့က comment ထဲရေးတဲ့ဟာ တကယ်ဖြစ်မဖြစ် ကြည့်ခိုင်းတယ်၊ ဟုတ်နေရင် ပြင်စရာရှိရင် ပြင်တယ်၊ Comment ကို ပြန်ပြီး reply မလုပ်ဘူး၊ တစ်ခါ reply ပြန်လိုက်ရင် နောက်ပြန်ပြီးရေးရင်းနဲ့ နောက်တော့မဖြေတဲ့အခါ မဖြေလို့ဖြစ်ရော၊ ကျွန်တော်တို့က အလုပ်တွေအများကြီး ဒီအပေါ်မှာပဲ အချိန်ပေးပြီး respond ပြန်လုပ်ဖို့ အချိန်မပေးနိုင်ဘူး”လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုပါတယ်။

မြို့တော်စည်ပင်ရဲ့ လှုပ်ရှားမှုတွေကို အများပြည်သူသိအောင် ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာတွေကနေ ထုတ်ဖော်နေတဲ့အပြင် comment တွေထဲကနေ အကြောင်းကြားလာတဲ့ဖြစ်စဉ်တွေကို မြို့တော်စည်ပင်က သက်ဆိုင်ရာ ဌာနတွေအလိုက် မြေပြင်အခြေအနေအသေးစိတ်ကို စုံစမ်းစေကာ လိုအပ်တဲ့ပြင်ဆင်မှုလုပ်ငန်းတွေနဲ့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၂၀